34 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဒီဇင်ဘာ ၈ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ – စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ပေါက်ကုန်းရွာ၊ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ လယ်လန်း၊ သရဖီ နဲ့ ရွာသာအေးကျေးရွာတွေကို ဒီကနေ့ ဒီဇင်ဘာလ ၈ ရက်နေ့မနက်ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ – ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို KIA တပ်ဖွဲ့ကနေ ဒီဇင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းက မိုင်းဆွဲ တိုက်ခိုက်မှုရာမှာ စစ်ကောင်စီဘက်က ၄ ဦး သေသွား တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ – မန္တလေးတိုင်း၊ မတ္တရာမြို့နယ် နဲ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အစပ်မှာရှိတဲ့ ကျေးရွာတွေကို ဒီဇင်ဘာ ၇ ရက်နေ့ညအချိန်ကြီး အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာနေ ပြည်သူမြောက်အမြား ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article