30 C
Yangon

ထီးချိုင့်တွင် အင်းတိန်ရွာသား အသက် ၈၀ အရွယ် ဦးစိန်မောင်ကို စစ်တပ်က ပစ်သတ်ပြီး တည်တောရွာကို မီးတင်ရှို့နေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၈

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် အင်းတိန်ရွာသား အသက် ၈၀ အရွယ် ဦးစိန်မောင်ကို အကြမ်းဖက် စစ်တပ်က ပစ်သတ်ခဲ့ကြောင်း Tigyaing Revolution – TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် အင်းတိန်ရွာသား အသက် ၈၀ ကျော် အရွယ် ဦးစိန်မောင်သည် ဇီးသောင်ရွာသို့ အလည်ရောက်ရှိနေစဥ် သာယာကုန်းရွာ ဘက်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းများနှင့် ဇီးသောင် တံတားထိပ်တွင် တွေ့ဆုံစဥ် စစ်သားများက ပစ်ခတ်ခဲ့ပြီး ဖွဲပုံတွင်မြှုပ်ထားခဲ့ကြောင်း သိရသည်။

“သတ်ခံရသူက အင်းတိန်ရွာသားပါ သူက ဇီးသောင်ရွာကို အလည်ရောက်နေတာ ဒီနေ့ ဇီးသောင် တံတားပေါ်မှာ စစ်ခွေးစစ်ကြောင်းနဲ့ တွေ့ပြီး ပစ်သတ်ခံလိုက်ရတာ”ဟု Tigyaing Revolution – TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်များသည် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် တည်တောရွာကို ရောက်ရှိနေပြီး မီးရှို့ဖျက်ဆီး လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article