30 C
Yangon

လှိုင်မြို့နယ်လျှပ်စစ်ရုံး၊ လှိုင်သာယာရဲစခန်းဝန်ထမ်းလိုင်းခန်းတို့တွင် ဗုံးပေါက်ကွဲ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်း လှိုင်မြို့နယ် EPC ရုံး၊ လှိုင်သာယာရဲစခန်းဝန်ထမ်း လိုင်းခန်း တို့တွင် ယခုည ဗုံးပေါက်ကွဲခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ များ ထံမှ သိရသည်။

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ အင်စိန်လမ်းနှင့် ကန်လမ်းထောင့်ရှိ EPC ရုံး၌ တပ်စွဲ ထား သော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ယန့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က ဗုံးခွဲတိုက်ခိုက်ခဲ့ ကြောင်း ရန်ကုန် မြို့ပြ ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

လှိုင်မြို့နယ် EPC ရုံးတွင် တပ်စွဲထားသော စစ်တပ်က ပြည်သူများကို ခြိမ်း ခြောက် ဖမ်းဆီးနှိပ်စက်နေခြင်းတို့ကြောင့် Emerald Girls Army (EGA) ၊ နိုင်ငံရေးအကျဉ်းသားများ အားလုံးကိုယ်စားပြု တိုက်ခိုက်ရေးအဖွဲ့( Freeland Attack Force (FLA) နှင့် Revolution of 21 Century အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ တပ် သား များ ထိခိုက်မှု ရှိ၊ မရှိ မသိရသေးဘဲ တိုက်ခိုက်ရေးရဲဘော်များ ဘေးကင်း စွာဖြင့် ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း Freeland Attack Force ထံမှ သိရသည်။

အလားတူ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရဲစခန်းဝန်ထမ်း အိမ်ထောင်သည် လိုင်းခန်း ကို ဒီဇင်ဘာလ ၁၀ ရက် ည ၈ နာရီ ၃၅ မိနစ်ခန့်က အဝေးထိန်း ဗုံးတစ် လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို War of Hunter Revolution Force (WHO) အဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပျက်စီးထိခိုက်မှုများရှိနိုင်သော်လည်း အတိ အကျမသိရသေးကြောင်း၊ WHO အဖွဲ့သားများ ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့မှ ဗိုလ်တွတ်ပီက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- ညပိုင်းကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article