28 C
Yangon

ယင်းမာပင်တွင် စစ်ကောင်စီ တပ်သားများကို ၃ ရက်ဆက် တိုက်ခိုက်မှု ၆ ဦးသေဆုံး၊ မြောင်တွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၃ ရက်ဆက်တိုက် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၂၆ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် ယင်းမာပင်မြို့ အနောက်ဘက်တွက် ကင်းထွက် ဝပ်သော အကြမ်းဖက် စစ်တပ်မှ စစ်သား ၂၂ ဦးကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၆ အောင်ဆန်းသွေးနှင့် ယင်းမာပင်မြို့နယ် တပ်ရင်း ၂ တို့မှ ရှေ့‌ထွက် မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော စစ်သား အလောင်းများကို နံနက် ၄ နာရီခန့်တွင် ယင်းမာပင်မြို့ အနောက်ဘက် သုသာန်တွင် မီးရှို့ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ယင်းမာပင် ရဲစခန်းမှ ကင်းပုန်း ဝပ်ရန် ထွက်လာသော စစ်သားများကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၆ တပ်ရင်း တပ်ခွဲ (၁/၂) ရဲဘော်များမှ ကြိုတင် ကင်းဝပ်စောင့်ဆိုင်းကာ တိုက်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၉ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်တွင် ယင်းမာပင်မြို့ရှိ စစ်သားများ တပ်စွဲထားသော နေရာကို လက်နက်ကြီးများဖြင့် ယင်းမာပင်ခရိုင် တပ်ရင်း ၂၆ နှင့် ယင်းမာပင် မြို့နယ် တပ်ရင်း(၁) တပ်ခွဲ (၂) Blue Rose တပ်ခွဲနှင့် မိတ်ဖက် တပ်ရင်းတပ်ဖွဲ့များ စုပေါင်း၍ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည် မပြုနိုင်သေးကြောင်း သိရသည်။

“အားလုံးပေါင်း ၆ ကောင် သေတယ်။ ၇ ရက်နေ့တိုက်ခိုက်မှုမှာ ၅ ကောင်သေတယ်။ ၈ ရက်နေ့ တိုက်ခိုက်မှုမှာ ၁ ကောင်သေတယ်။ ၉ ရက်နေ့ကတော့ လက်နက်ကြီး ပစ်တာ အထိအခိုက် မသိရသေးဘူး။ ကျန်တော်တို့ လက်နက်ခဲယမ်း ပြန်လည် ဖြည့်တင်းဖို့ အလှူငွေလိုပါတယ်။ အလှူငွေလေးတွေ လှူတန်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု ယင်းမာပင်ခရိုင် တပ်ရင်း ၂၆ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်မှ ထွက်ခွာလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဆင်ခေါင်း တောင်အရှေ့ဘက်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း CDSOM တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မြောင်မြို့နယ်အတွင်း လှည့်လည်ကာ မီးရှို့ဖျက်ဆီးခိုးယူလုယက်သတ်ဖြတ်နေသော အကြမ်းဖက်စစ် သားများကို စစ်ကိုင်းခရိုင် တပ်ရင်း (6)တပ်ခွဲ(3) MUA နှင့် CDSOM တို့မှ ရှေ့ထွက်မိုင်း နှစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်မှ စစ်သား ၄ ဦးသေဆုံးပြီး ၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“အကြမ်းဖက်စစ်သား (၄)ဦးသေပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတာ ညနေပိုင်းမှ တည်ပြုနိုင်ခဲ့တယ်။ တိုက်ခိုက်ခဲ့တာတွေလဲ ရှိတယ်၊ ဘယ်နေရာမှာ ဘယ်လောက်သေလဲ ၊ထိခိုက်ဒဏ်ရာရခဲ့လဲတော့ မသိ ရသေးဘူး၊ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတော့ ထိခိုက်ဒဏ်ရာရတဲ့သူမရှိဘူးလို့ သိရတယ်” ဟု ကိုနွေဦးမြောင်က ပြောကြားသည်။

ယင်းအကြမ်းဖက်စစ်သားများကို ဆင်ခေါင်းတောင်၏ အရှေ့မြောက်ဘက်အရောက် CDSOM မြောက် ပိုင်း 012 အဖွဲ့ နှင့် CDSOM မြောက်ပိုင်း 007 အဖွဲ့တို့မှ ၄၀ မမ ဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများက ကျေးရွာများအတွင်းလှည့်ဝင်ရောက်ကာ မွှေနှောက်နေသည့် အတွက် ဒေသခံပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး ယင်းစစ်ဘေးရှောင်ဒုက္ခသည်များကို အ မျိုးသားညီညွတ်ရေး အစိုးရ၊ အမျိုးသမီး၊ လူငယ် နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနက CDSOM ၏ မြောက်ပိုင်း 012 နှင့် 003 အဖွဲ့တို့မှတဆင့် တာဝန်ယူကျွေးမွေးစောင့်ရှောက်ထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article