30 C
Yangon

ဒီပဲယင်းမြို့နယ်၊ နများရွာကို စစ်တပ် ၂ ကြိမ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀၀ ကျော်ပြာကျ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် နများရွာကို အကြမ်းဖက် စစ်တပ်က ၂ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၄၀၀ ကျော်ပြာကျခဲ့ကြောင်း စစ်ဘေးရှောင်များအရေး ကူညီစောင့်ရှောက်နေသည့် S&C အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၄ ရက်နှင့် ၆ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့နယ် နများရွာကို မီးရှို့ဖျက်ဆီးခဲ့ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၄၀၀ ကျော်ပြာကျခဲ့ပြီး ရိက္ခာပစ္စည်းများ၊ အဝတ်အထည်များနှင့် အသုံးအဆောင် ပစ္စည်း အားလုံး မီးထဲပါသွားသောကြောင့် ဘဝ ရပ်တည်ရေးပင် အခက်အခဲဖြစ်နေကြောင်း သိရသည်။

” နေအိမ်က ၄၀၀ လောက်ပါသွားပါတယ်။ ဒါတောင် ဒီနများတစ်ရွာတည်း ရှိသေးတယ်။ စစ်ခ​ွေးတွေက ၂ ကြိမ်ရှို့တာ ၄ ရက်နေ့က တစ်ကြိမ် ၆ ရက်နေ့က တစ်ကြိမ် ဘာမှပြန်မရအောင် ပြာဖြစ်အောင်ကို ရှို့တာ ပြည်သူတွေရဲ့ အခြေအနေက ရှေ့ဆက်ပြီး ဘဝ ရပ်တည်ရေး အတွက်ပါ ခက်ခဲနေပြီ” ဟု S&C အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article