30 C
Yangon

နေပြည်တော်၊ ဘောဂသီရိကားဝင်း၊ တော်ဝင်ကားဂိတ်တွင် ပါဆယ်ထုပ် အတွင်း လက်ပစ်ဗုံး ၅ လုံးတွေ့ရှိမှုနှင့်ဆက်စပ်၍ သထုံမှ ပျူစောထီး ခေါင်း ဆောင် ညီညီရှိန် နှင့်မိသားစုကို စစ်တပ်က ဖမ်းဆီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

နေပြည်တော်၊ ဘောဂသီရိကားဝင်း၊ စစ်တပ်ပိုင် တော်ဝင်ကားဂိတ်တွင် ပါဆယ် ထုပ် အတွင်း လက်ပစ်ဗုံး ၅ လုံးတွေ့ရှိရမှုနှင့်ပတ်သက်ပြီး မွန်ပြည် နယ်၊ သထုံမြို့နယ်မှ ပျူစောထီး ခေါင်းဆောင် ညီညီရှိန်နှင့်မိသားစုကို စစ်တပ် က ယနေ့ ဖမ်းဆီးလိုက်ကြောင်း ဒေသပြည်သူများက ပြောသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီအချိန် နေပြည်တော်၊ ဘောဂသီရိကား ဝင်း အတွင်းရှိ တော်ဝင်ကားဂိတ်တွင် ပါဆယ်ပုံးအတွင်း ထည့်သွင်းထားသော လက်ပစ်ဗုံး ၅ လုံးကို တွေ့ရှိရကြောင်း၊ ယင်းလက်ပစ်ဗုံး ၅ လုံးကို သထုံမြို့နယ်၊ နောင်ကလေးကျေးရွာရှိ ပျူစောထီး‌ ခေါင်းဆောင် ညီညီရှိန်ပိုင်ဆိုင်သော ညီညီရှိန် အဝေးပြေးကား ဂိတ်က တင်ပို့လိုက်ခြင်းဖြစ်သည်ကို စစ်ဆေး တွေ့ရှိ ရသဖြင့် ညီညီရှိန်နှင့်မိသားစုကို စစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရ သည်။

“ညီညီရှိန်ကားဂိတ်က တင်ပေးလိုက်တဲ့ ပါဆယ်ပုံးမှာ လက်ပစ်ဗုံးတွေပါတာ။ အဲဒါကြောင့် ဖမ်းသွားတာ။ အခု နောက်ဆက်တွဲကတော့ ပျူစောထီးတွေ ၊ ပြည်သူ့ စစ်တွေ၊ လေ့ကျင့်ရေး ၉ ထဲက သူတွေပါ အကုန်ဖမ်းခံနေရတယ်။ နေပြည်တော်ကို လက်ပစ်ဗုံးပို့တာ ညီညီရှိန်ကားဂိတ်က ဆိုပြီး ဖမ်းတာပါ။ ပျူတွေလည်း လှုပ်လှုပ်ဖြစ်နေကြတယ်။ အလံတစ်ရာဘုရားမှစုပြီးတော့ သူတို့ခေါင်းဆောင် အဖမ်းခံရတော့။ ပျူနဲ့ စစ်တပ်နဲ့ ပြန်ငြိကုန်တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

လက်ရှိ နေပြည်တော်တွင် ဇန်နဝါရီလ ၄ ရက်နေ့ ၇၅ နှစ်မြောက် စိန်ရတုနေ့ အခမ်းအနားကျင်းပရန် လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ စစ်တပ်ပိုင် တော်ဝင်ကားဂိတ်တွင် လက်ပစ်ဗုံးများ တွေ့ရှိ၍ စစ်ဗိုလ်ချုပ်များ စိတ်ဆိုး ဒေါသထွက်နေကြသည်ဟု သိရှိရသည်။

ဓာတ်ပုံ- ညီညီရှိန်ကားဂိတ်ပိုင်ရှင် ပြည်သူ့စစ်ခေါင်းဆောင် ညီညီရှိန်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article