28 C
Yangon

ကောလင်းတွင် စစ်တပ်က ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၉ လုံးပြာကျ၊ ကျေးရွာ ၂၃ ခုမှ ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ် ၃ ရက်ဆက်တိုက် စီးနင်းနေပြီး ကျေးရွာ ၂ ခုမှ နေအိမ် ၆၉ လုံး မီးလောင်ပြာပျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာ ၉ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ် ခမရ ၃၆၃၊ ၃၆၉ နှင့် ၃၆၁ မှ စစ်ကြောင်း များသည် ကိုးတောင်ဘို့နှင့် ချပ်သင်းဘက်မှနေ၍ ကောလင်းမြိုနယ်အတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ကောလင်းမြို့ ကျောက်ပျဥ်သာတိုက်နယ်သို့ ဒီဇင်ဘာလ ၉ ရက့်နေ့တွင် အကြမ်းဖက် စစ်တပ် စစ် ကြောင်းများ စတင် ဝင်ရောက်လာပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့က စတင်ကာ ဇီးဖြူကုန်းရွာမှ ပြည်သူပိုင်နေအိမ် ၄၅ လုံးနှင့် လျှော်ဖြူကုန်းရွာမှ ပြည်သူပိုင်နေအိမ် ၂၄ လုံးတို့ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ညောင်ကုန်း၊ ပေပင်ချောင်နှင့် ကုက္ကိုကုန်း ရွာတို့ကို ဆက်လက် စီးနင်းမှုများ လုပ်ဆောင်လျက်ရှိပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေများကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“ပြည်သူတွေကတော့ ဘေးလွှတ်ရာမှာ ရှိနေပါတယ်။ ဆေးဝါး အထောက်အပံ့ တော့ လိုအပ်နေတယ်။ ဆောင်းတွင်း အထက်ပိုင်းဖြစ်လို့ စောင် များလည်း လိုအပ်နေပါတယ်” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။

ကောလင်းမြို့နယ်အတွင်း အင်ပင်သာ၊ ဇီးကုန်း၊ ကသစ်ကုန်း၊ ကပ်ဖလူး၊ ဝါးရုံခုံ၊ ပွဲခံ၊ ထဲထိလျှို၊ စစ်တော၊ ဥဒိသာ၊ အောက်ကျင်း၊ တောင်ဘို့လှ၊ ဇီးဖြူကုန်း၊ သဲကော၊ သုံးတင်တပ်၊ နောကုန်း၊ ချောင်းကွေ့၊ အလယ်ကုန်း၊ ပေပင်ချောင်၊ ကုက္ကိုကုန်း၊ ညောင်ကုန်း၊ လျှော်ဖြူကုန်း၊ ဝါးသီးကုန်း၊ ကညွတ်အင်း (ခံသာတိုက်နယ်) စသည့် ကျေးရွာ ၂၃ ရွာမှ ပြည်သူ ၂၃၀၀၀ ခန့် စစ်ဘေး တိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article