28 C
Yangon

မြန်မာနိုင်ငံတွင် နူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရေးနှင့် စစ် တပ် အတွက် ရုရှား လက်နက်ဝယ်ယူမှု များတွင် အောင်သောင်း၏ သားများပိုင် IGE ကုမ္ပဏီ ပါဝင်ပတ်သက်

Must read

By ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံတွင် ရုရှားနည်းပညာဖြင့် နူကလီးယားဓာတ်အားပေးစက်ရုံ တည် ဆောက်ရေး စီမံကိန်းနှင့် စစ်တပ်အတွက် ရုရှား လက်နက်များ ဝယ်ယူမှု ဆိုင်ရာ ကိစ္စရပ်များတွင် အောင်သောင်း၏ သားများ ပိုင်ဆိုင်သော IGE ကုမ္ပဏီက အဓိကပါဝင်ပတ်သက်နေကြောင်း IGE ကုမ္ပဏီသတင်းရင်းမြစ်နှင့် စစ်တပ် သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယခင် စစ်ခေါင်းဆောင် သန်းရွှေလက်ထက်တွင် စက်မှု ၁ ဝန်ကြီး ဖြစ်ခဲ့သော အောင်သောင်းတွင် သား ၃ ဦးရှိပြီး စစ်တပ်ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်၊ နေအောင်၊ ပြည်အောင်တို့က IGE ကုမ္ပဏီ အပါအဝင် စီးပွားရေး လုပ်ငန်းများစွာ ထူထောင်ကာ လုပ်ကိုင် နေခြင်းဖြစ်သည်။

IGE ကုမ္ပဏီသည် စစ်တပ်နှင့် သက်ဆိုင်သော စီမံကိန်းများ၊ စွမ်းအင် လုပ်ငန်း များကို အစဉ်အဆက် လုပ်ခွင့်ရရှိခဲ့ပြီး ယခုနောက်ဆုံးတွင် နူကလီးယား ဓာတ်အား ပေးစက်ရုံစီမံကိန်းနှင့် စစ်တပ်အတွက် ရုရှားလက်နက်များ ဝယ် ယူမှုဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်လာခြင်းဖြစ်ကြောင်း သိရှိရ သည်။

ရုရှားနိုင်ငံတွင် နူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံများကို သွားရောက် လေ့လာခြင်း၊ စွမ်းအင် ဖိုရမ်များ တက်ရောက်ခြင်းနှင့် နူကလီးယားစက်ရုံ စီမံကိန်း တည်ဆောက်ရေး သဘောတူညီ စာချုပ်ရေးထိုးပွဲများတွင် IGE ကုမ္ပဏီမှ တာဝန်ရှိသူများက စစ်ကောင်စီနှင့်အတူ တက်ရောက် ခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလအတွင်း ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပခဲ့သည့် Russian Energy Week International Forum- ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည် ပြည်ဆိုင်ရာဖိုရမ်တွင် စစ်ကောင်စီ၏ လျှပ်စစ်စွမ်းအားဝန်ကြီ သောင်းဟန်နှင့် စွမ်းအင်ဝန်ကြီးမျိုးမြင့်ဦးတို့နှင့်အတူ IGE မှ အမှုဆောင် ဒါရိုက်တာ သဇင် အောင်၊ နှင်းနှင်းအောင်တို့ ပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

“လျှပ်စစ်ဝန်ကြီးနဲ့ စွမ်းအင်ဝန်ကြီးတို့ရဲ့ ရုရှားခရီးစဉ်မှာ အောင်သောင်းသား နေအောင်ရဲ့ IGE ကုမ္ပဏီ Executive Director တွေဖြစ်တဲ့ ဒေါ်သဇင်အောင်နဲ့ ဒေါ်နှင်းနှင်းအောင် တက်ပါတယ်။ IGE က အဲဒီ စွမ်းအင် နဲ့ လျှပ်စစ် ဝန် ကြီး ဌာနနှစ်ခုရဲ့ စီမံကိန်းတွေမှာ အကုန်ပါနေတယ်။ IGE က လက် ဝါး ကြီး အုပ် ထားတာ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်း ရင်းမြစ်တစ်ခုက ပြောသည်။

အလားတူ နိုဝင်ဘာလတတိယပတ်အတွင်း IGE ကုမ္ပဏီပိုင်ရှင် နေအောင် သည် ရုရှားနိုင်ငံသို့ သွား ရောက်ခဲ့ပြီး နူကလီးယား လျှပ်စစ်ဓာတ် အားပေး စက်ရုံ တည်ဆောက်ရေး ရှေ့ပြေးစီမံကိန်းအတွက် သဘောတူ လက်မှတ် ရေးထိုး မှုတွင်လည်း ပါဝင်ပတ်သက်မှု ရှိကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ ရုရှားနိုင်ငံတွင် မြန်မာနိုင်ငံအတွက် နူကလီးယား စွမ်း အင် အားသုံး လျှပ်စစ် ဓာတ် အားပေး စက်ရုံ တည်ဆောက်ရန် စူးစမ်း လေ့ လာ တိုင်းတာမှု ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက် ရေးအတွက် ရုရှား နိုင်ငံ ပိုင် Rosatom ကုမ္ပဏီနှင့်စစ်ကောင်စီ လျှပ်စစ်ဝန်ကြီးဌာနတို့ အကြား တရား ဝင် လက်မှတ်ရေးထိုးခဲ့ပြီး ယင်း စီမံချက်များတွင် IGE ကုမ္ပဏီက ပါဝင် ပတ် သက်နေကြောင်း သိရှိရသည်။

နိုဝင်ဘာလအတွင်းတွင်ပင် IGE ကုမ္ပဏီပိုင်ရှင် နေအောင်သည် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ရာတွင် နူကလီးယားဓာတ်အားပေး စက်ရုံကိစ္စများတွင်သာမက ရုရှားထုတ် လက်နက်များ ဝယ်ယူရေး ကိစ္စ များတွင်လည်း ပါဝင်ပတ်သက်မှု ရှိကြောင်း သိရှိရသည်။

ယခုဒီဇင်ဘာလအတွင်း ရရှားစစ်တပ်၏ ဒုတိယ ကြည်းတပ်ဦးစီးချုပ် Colonel – General Kim Alexey Rostislavovich နှင့်အဖွဲ့ ခရီးစဉ်၊ ရုရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Maxin Reshetnikov နှင့် အဖွဲ့၏ ခရီးစဉ် များ တွင် လည်း IGE ကုမ္ပဏီက သွားရောက်တွေ့ဆုံခြင်း၊ ဂုဏ် ပြုစားသောက်ဝိုင်း များ ဖြင့် ဧည့်ခံခြင်း၊ အလွတ်သဘောတွေ့ဆုံမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article