30 C
Yangon

ကိုးတောင်ဘို့၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို PDF တပ်ဖွဲ့မှ ဝင်တိုက်၊ PDF တစ်ဦးကျဆုံးကာ (၃)ဦးဒဏ်ရာ၊ ချင်းမြစ်ကြောင်းအတွင်း အကြမ်းဖက်စစ်သင်္ဘောတစ်စီးကို တစ်ဖက် ပွင့်ပြောင်းဖြင့် တိုက်ခိုက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ဒေသ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ် စခန်းကို PDF တပ်ဖွဲ့မှ ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက်အစောပိုင်း ၁ နာရီခန့်က ဝင်ရောက်တိုက်ခိုက် ခဲ့ရာ PDF တပ်ဖွဲ့ဝင်(၃)ဦးကျဆုံးပြီး (၃)ဦးဒဏ်ရာရရှိကာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ရဟတ်ယာဉ် ဖြင့် လာရောက်တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဒသိရသည်။

“ကိုးတောင်ဘို့အထိုင်ကနေ ကောလင်းမြို့နယ်ဘက်ကို စစ်ကြောင်းထွက်မီးရှို့နေတဲ့အချိန် ကျန်ရှိနေတဲ့ စစ်ခွေးနဲ့ပျူတွေကို ဝင်တိုက်တာ၊ စစ်ခွေးတွေဘက်ကလည်း ထိခိုက်သေဆုံးမှုများတယ်လို့ သိရတယ်၊ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကျပြီး ၃ ယောက်ဒဏ်ရာရတယ်။ MI 35 နှစ်စင်းနဲ့လာပစ်လို့ ပြန်ဆုတ် လာခဲ့ရတာ၊ ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ခံထားရတော့ ပြည်သူတွေထိခိုက်မှုတော့ မသိရသေးဘူး” ဟု Kotaungbo Revolution KTB-R တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြော သည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းမှ အကြမ်းဖက်စစ်သားများသည် ကောလင်းမြို့နယ်အတွင်း သို့ စစ်ကြောင်းထွက်နေစဉ် ကျန်ရှိအကြမ်းဖက်စစ်သားများ အား Kotaungbo Revolution KTB-R အပါအဝင်ဒေသခံ မဟာမိတ်တပ်ဖွဲ့များမှ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၄ နာရီအထိ ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ MI 35 ရဟတ်ယာဉ် နှစ်စင်းဖြင့် လာရောက် တိုက်ခိုက်ခဲ့သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း Kotaungbo Revolution KTB-R က ပြော ကြားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော အကြမ်းဖက် စစ်သင်္ဘော(၁) စီးကို တဖက်ပွင့်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဗန္ဓုလနှင့်အဖွဲ့သားများထံမှ သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက် နံနက် ၈နာရီ မိနစ် ၃၀ အချိန်ခန့်က စစ်ကိုင်း တိုင်းဒေသကြီး၊ ဆားလင်း ကြီးမြို့နယ်အတွင်းရှိကျေးရွာများအားအကြမ်းဖက်ကာမီးရှိူ့၊သတ်ဖြတ်၍ပြည်သူပိုင်ပစ္စည်းများကို အဓမ္မ ယူဆောင် လာသော စကစ စစ်ကြောင်းအား KUG တပ်ရင်း GYZ တပ်မတော်၊ GYZတပ်ခွဲ(၁) ဗန္ဓုလနှင့် အဖွဲ့သားများ၊ မုံရွာခရိုင်တပ်ရင်း(၁၀)၊ PEREGRINE People Defense Force တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“သင်္ဘောရောက်လာမယ့်နေရာကို တဖက်ပွင့်ပြောင်းနှစ်နေရာကနေ ချိန်ထားပြီး တိုက်ခဲ့တာ၊ စစ်ခွေး သင်္ဘောကို ထိမှန်တာရှိခဲ့တယ်၊ စကစ ဘက်မှာ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကြားတယ်၊ သင်္ဘောကမ်း ကပ်တော့ လူနာ တင်ယာဉ် (၂)စီးနဲ့လာသယ်သွားတယ်လို့တော့ ကြားတယ်၊ ဘာတွေ သယ်သွားလဲ ဆိုတာတော့ အတိအကျမသိရဘူး” ဟု ဗန္ဓုလနှင့်အဖွဲ့သားများ PDF က တာဝန်ရှိသူတစ်ဦး က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

အဆိုပါအကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို လှည့်လည်မီးရှို့ကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူပြီး မုံရွာဘက်သို့ ပြန်လာခြင်းခြင်းဖြစ်ကြောင်း၊ မိုင်း ဆွဲတိုက်ခိုက်သည့်ပြီး‌နောက် အကြမ်းဖက်စစ်ကောင်စီ သင်္ဘောပေါ်မှ စက်ကလေးဖြင့် ပြန်လည်ပစ်ခတ် မှုရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article