29 C
Yangon

မလေးရှားနိုင်ငံတွင် “မသောက်မိသော မိုးခါးရေ” ဇာတ်ကားကို နိုင်ငံတကာတွင် နောက်ဆုံး ပြသခြင်းနှင့် စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့တွင် “မသောက်မိသော မိုးခါးရေ” ဇာတ်ကားကို နိုင်ငံတကာတွင် နောက်ဆုံးပြသခြင်းနှင့် စစ်ကောင်စီ ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့​သည်ဟု သိရသည်။

ရုပ်ရှင်ပြပွဲအား နံနက်ပိုင်းပွဲစဉ်နှင့် ညနေပိုင်း ပွဲစဉ် များအဖြစ် ပြုလုပ်ခဲ့ကြပြီး တော်လှန်ရေး အထောက်အကူပြု ရံပုံငွေရရှိရန် တီရှပ်အင်္ကျီ များ ရောင်းချခြင်း၊ အစား အသောက်များ ရောင်းချခြင်း ၊ ကံစမ်းမဲ လက်မှတ်များ ရောင်းချခြင်း အစီအစဉ်များ ပါဝင်ခဲ့ကြောင်း၊ ရုပ်ရှင်ပြပွဲသို့ အမေရိကမှ ဗာရာဏသီ သီချင်း အဆိုတော် ကိုဝင်းနိုင်စိုးမှ လာရောက်ဖျော်ဖြေခဲ့ကြောင်း၊ မသောက်မိသော မိုးခါးရေ ရုပ်ရှင် အား ဂျိုဟိုးမြို့တွင် ပြသခြင်းသည် နိုင်ငံတကာတွင် နောက်ဆုံးပြသခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အွန်လိုင်းမှာသာ ရောင်းချတော့မည် ဖြစ်ကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီမှ ပြုလုပ်မည့် ရွေးကောက်ပွဲ အား ဆန့်ကျင်ကြောင်း ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article