30.5 C
Yangon

စစ်ကောင်စီက ဝန်ထမ်းများအတွက် စားအုန်းဆီ ခွဲတမ်း ပေးမည်ဟု မက်လုံးပေးပြီး ဝန်ထမ်း မိသားစုနှင့်ဆွေမျိုးစာရင်းများပါကောက်ယူ၊ ရွေးကောက်ပွဲအတွက် ရည်ရွယ်ပုံရဟုဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

အကြမ်းဖက်စစ်ကောင်စီက ၎င်း၏ လက်အောက်တွင် တာဝန်ထမ်းဆောင် နေကြသည့် ဝန်ထမ်းများအားလုံးကို အဆင့်အလိုက် စားအုန်းဆီ ခွဲတမ်းပေးရန် အတွက်ဟုဆိုကာ ဝန်ထမ်းအင်အား စာရင်း၊ အသိုင်းအဝိုင်းနှင့်ဆွေမျိုး စာရင်း များ ပါ ကောက်ယူနေကြောင်း သိရှိရသည်။

ဒီဇင်ဘာလဆန်ပိုင်းမှစတင်ပြီး တစ်နိုင်ငံလုံးရှိ ဝန်ထမ်းများ၏ အင်အား၊ မိသား စု ဦးရေများကို တိုင်း၊ ခရိုင်၊ မြို့နယ် အလိုက် တင်ပြရန် စစ်တပ်ဘက်က ညွှန် ကြားလာပြီး စားအုန်းဆီ ခွဲတမ်းပေးမည်ဟု ခေါင်းစဉ်တပ်ထားကြောင်း၊ အဆင့် အလိုက် စားအုန်းဆီ ခွဲတမ်းပေးရန်ရှိသည်ဟုဆိုကာ ဝန်ထမ်း မိသား စုနှင့် ဝန်ထမ်းအသိုင်းဝိုင်း၊ ဆွေမျိုးများ စာရင်းပါ ကောက် ယူနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ဝန်ထမ်းသက်သာချောင်ချိရေး စားအုန်းဆီခွဲတမ်းဆိုပြီး စာရင်းကောက်တာ။ ဘယ်တော့ပေးမယ်မှန်းတော့မသိဘူး။ စာရင်းတော့ကောက်သွားတယ်။ စာရင်း ကလည်း တကယ်က ရုံးချုပ်မှာ ရှိပြီးသားပါ။ CDM တွေ လုပ်ကြ တုန်းက လည်း ကောက်ထားပြီးသား။ အခုမှ ထပ်ကောက်တာဆိုတော့ ရွေးကောက် ပွဲအတွက် အပိုင်မဲ တွက်ဖို့လားပဲ။ ရိုးတာတော့ မရိုးဘူး။ ဝန်ထမ်း ရ ယ် အတူနေမိသားစုစာရင်း အဲဒါတွေပါ ပေးရတယ်” ဟု နေပြည်တော် ဝန်ထမ်း တစ်ဦးက ပြောသည်။

ကရင်ပြည်နယ်မှ ပြည်ထဲရေးအရာရှိတစ်ဦးကလည်း ဝန်ထမ်းများ သက်သာ ချောင်ချိ ရေးအတွက် စားအုန်းဆီ အဆင့်လိုက်ခွဲတမ်းဖြင့်ဝေမည်ဟုဆိုကာ ​တိုင်း/ပြည်နယ်/မြို့နယ်/ခရိုင် ဌာနဆိုင်ရာများကို အင်အားစာရင်းပေးပို့ရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာပေးပို့တောင်းဆိုလာသည်ဟု ပြောဆို သည်။

“ထွေ/အုပ်က အင်အားစာရင်းတွေ စာပို့ပြီး တောင်းလာတယ်။ စားအုန်းဆီ ခွဲတမ်း လို့တော့ ပြောတယ်” ဟု ကရင်ပြည် နယ်မှ ပြည်ထဲရေးအရာရှိက ဆိုသည်။

ထို့ပြင် စစ်ကောင်စီက ဝန်ထမ်းများအားလုံး ရွေးကောက်ပွဲ ကျင်းပဖြစ်လျှင် မဖြစ် မနေ မဲပေးရမည်ဖြစ်ပြီး အိမ်ထောင်စုစာရင်းများကို တာဝန်ထမ်း ဆောင် ရာ နေရာဒေသသို့ ပြောင်းရွှေ့ မဲပေးကြရန် တရားဝင် ညွှန်ကြားချက် ထုတ်ပြန် ခိုင်းစေထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်မြို့တွင် တွေ့ရသည့် အစိုးရဝန်ထမ်းများ။ (ပုံအဟောင်း ဖြစ်သည်)

Photo- AFP။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article