30 C
Yangon

ပြည်သူကိုဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ပြီး စစ်ကြောင်းထိုးသော စစ်တပ်ကို တိုက်ခိုက်၊ ဖမ်းဆီးခံ ပြည်သူ တစ်ဦး လွတ် မြောက်၊ ရေနံချောင်းမြို့နယ်တွင်လည်း အကြမ်းဖက်စစ်သားများမိုင်းဆွဲ တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးရွာအနောက်ဘက်တွင် ပြည်သူများကို ဖမ်းဆီးပြီး လူသားဒိုင်း လုပ်ကာ စစ် ကြောင်းထိုးလှုပ်ရှားလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒီဇင်ဘာလ ၁၁ ရက်နေ့ က တိုက်ခိုက်ခဲ့ရာ ဖမ်းဆီးခံပြည်သူတစ်ဦးလွတ်မြောက်ခဲ့ကြောင်း Urban Underground Revolution Force – YSO – 2 ထံမှ သိရသည်။

ပြည်သူများကို ဖမ်းဆီးကာ စစ်ကြောင်းထိုးလာကြောင်း သတင်း အရ Urban Underground Revolution Force – YSO ၊ 27 Revolution Force (Myin Gyan) ၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်များပူးပေါင်းကာ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်တိုက်ခိုက်မှုအတွင်း ဖမ်းဆီးခံပြည်သူတစ်ဦး လွတ် မြောက်ခဲ့ပြီး ကျည်ကုန်သွားသဖြင့် ခေတ္တဆုတ် ခွာခဲ့ရကြောင်း၊ ထပ်မံကျည်ဖြည့်ပြီး King Cobra ၊ Myaing Rural Guerilla Force ၊ Phoenix Ranger နှင့် မဟာမိတ်များပူးပေါင်းကာ နောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်ရန် ကြိုးစားခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှာ ဆုတ်ခွာထွက် ပြေးသွားကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ အောင်ပန်းရိုးတံတားအနီးတွင် မနေ့က ဒီဇင်ဘာလ ၁၂ ရက် ည ၈ နာရီခွဲခန့်က ကင်းလှည့်နေသော အကြမ်းဖက်စစ်ယာဉ်တန်းကို People’s Defence Force Yenangyaung နှင့် Hunter Dragon Group ညီနောင်များ အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက် စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမသိရသေးကြောင်း ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

Photo- ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article