34 C
Yangon

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်နှင့် တန့်ဆည်မြို့နယ် ကံထူးမ စစ်ကောင်စီဂိတ်တို့ကို တိုက်ခိုက်၊ စစ်သား(၃)ဦး သေဆုံး၊ (၅)ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီဂိတ်ကို ဒီဇင် ဘာလ ၁၁ ရက် နေ့လည် ၁ နာရီခွဲခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား (၃)ဦး သေဆုံး ပြီး (၅)ဦး အထက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Dawei Guerilla Revolution Force – DGRF ထံမှ သိရ သည်။

ယင်းအကြမ်းဖက်စစ်ကောင်စီဂိတ်အား ဝင်ရောက်စီးနင်းသိမ်းပိုက်ရန် အစီအစဉ်ချကာ လမ်းပိတ်ထားခဲ့ သော်လည်း ပြည်သူတစ်ဦးဖြတ်သန်းသွားသည့်အတွက် သတင်းပေါက်ကာ ယင်းအစီအစဉ်ကို ဖျက်သိမ်း ခဲ့ရကြောင်း၊ ထို့ကြောင့် ၄၀ မမ (၆)လုံးပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဂိတ် အတွင်းကျရောက်ပြီး (၃) ဦးသေဆုံးကာ (၅)ဦးထိခိုက်ဒဏ်ရာရသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်မှ အနီးပတ်ဝန်းကျင်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းပစ်ခတ်ခဲ့သော်လည်း Dawei Guerilla Revolution Force – DGRF (ထားဝယ်- ပကဖ)၊ Kawthoolei Army ၊ သံမဏိပြောက်ကျားတပ်ဖွဲ့၊ KCL Force ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ ထိခိုက်မှုတစ်စုံတစ်ရာမရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမအဝိုင်းပတ်ရှိ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေး ရေးဂိတ်ကို ယနေ့ ဒီဇင်ဘာလ ၁၃ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၂၀ ခန့်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ များ ပူးပေါင်းကာ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို Spring Special Task Force – MRDA ခွဲ – K.U ၊ NCG ၊ Hydra Force ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားထိခိုက်သေဆုံးမှု ကို အတည်မပြုနိုင်သေး ကြောင်း MRDA တပ်ခွဲ(ခင်ဦး) ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article