28 C
Yangon

Must read

ကလေးမြို့၊ နန်းချောင်းရွာကို စစ်တပ် မီးရှို့မှု ခရစ်ယာန် ဘုရားကျောင်း အပါအဝင် နေအိမ် ၂၀ ကျော်ပြာကျ

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းချောင်းရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု ခရစ်ယာန် ဘုရားကျောင်း အပါအဝင် နေအိမ် ၂၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ကလေးမြို့ နန်းချောင်းရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာအတွင်းရှိ ခရစ်ယာန် ဘုရားကျောင်းအပါအဝင် နေအိမ် ၂၀ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“စစ်ကိုင်းတိုင်း ကလေးမြို့နယ် နန်းချောင်းရွာကို ခွေးတွေ မီးရှို့ တာ နေအိမ်၁၉ ပါသွားတယ်။ ခရစ်ယာန် ဘုရားကျောင်းလဲပါတယ်။ ရွာထဲ မဝင်နိုင်သေးဘူး။ ခွေးတွေ ရှိနေလို့ နေအိမ် အရေအတွက် အတိအကျ မပြောနိုင်ပေမယ့် နေအိမ် ၂၀ ​ကျော်လောက် ပြာကျသွားပြီလို့ သိထားရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နန်းချောင်းရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့အထိ ကျေးရွာအတွင်း တပ်စွဲထားသောကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article