38 C
Yangon

KNU တပ်မဟာ ၅ နယ်မြေနှင့် ပေါက်မြို့နယ် တိုက်ပွဲတွင် စစ်သား ၉ ဦး သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

KNU တပ်မဟာ ၅ နယ်မြေ၊ ဒွယ်လိုးမြို့နယ် ဘော့ကလူတောင်ခြေ၊ ဘီးလင်းချောင်းအနီးတိုက်ပွဲနှင့် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ညောင်ရင်းကျေးရွာအနီးတိုက်ပွဲများတွင် အကြမ်းဖက်စစ်သား ၉ ဦး‌ သေ ဆုံးခဲ့ကြောင်း သိရသည်။

KNU တပ်မဟာ ၅ နယ်မြေ၊ ဒွယ်လိုးမြို့နယ်၊ ဘော့လူတောင်ခြေ၊ ဘီးလင်းချောင်းကမ်းနံဘေး၌ ဒီဇင် ဘာလ ၁၂ ရက် နံနက် ၈ နာရီ ၂၅ မိနစ်က အကြမ်းဖက်စစ်တပ်နှင့် KNLA တို့ကြား တိုက်ပွဲဖြစ်ခဲ့ရာ စစ် သား ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကေအဲန်ယူ- မူတြော်သတင်းစဉ်က ယနေ့ ထုတ် ပြန် သည်။

အလားတူ ဒီဇင်ဘာလ ၁၂ ရက် နံနက် ၉ နာရီခန့်မှ ၁၁ နာရီခန့်အထိ လူသောမြို့နယ်၊ လယ်မူပလော ကျေးရွာအုပ်စု၊ ထော်မူပလယ်မဲရှိ အကြမ်းဖက်စစ်ကောင်စီ ခြေကုပ်စခန်းကို KNLA တပ်ဖွဲ့မှ ဝင်ရောက် တိုက်ခိုက်ကာ စခန်းတဲ ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၁ ရက် နံနက် ၉ နာရီ ၂၂ မိနစ် က လည်း KNLA တပ်ဖွဲ့ဝင်များက ဖာပွန်-ကမမောင်းကားလမ်းပေါ်ရှိ ဆင်ဆွယ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာမှ ညောင်ရင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာ‌ သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးထက်မနည်းသေဆုံးပြီး အများ အပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Yaw Defence Force – Kyaw ထံက သိရသည်။

နိုဝင်ဘာလ ၂၈ ရက် နံနက် ၈ နာရီ မိနစ် ၃၀ ခန့်က စတင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်နှင့် Yaw Defence Force – Kyaw တပ်ဖွဲ့၊ ညောင်းရင်း ပအဖ တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ခဲ့ရာ ၁ နာရီခွဲခန့်ကြာ အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၈ ဦးထက်မနည်းသေဆုံးကာ ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Photo – KNU

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article