30 C
Yangon

မတ္တရာတွင် စစ်သားများ စီးနင်းလာသည့် ဆိုင်ကယ် ၁၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု ၅ ဦးသေဆုံး၊ ဖရူဆိုမြို့နယ်ပေါ်ရှိ စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

မန္တလေး၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်သားများ စီးနင်းလာသည့် ဆိုင်ကယ် ၁၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု ၅ ဦးသေဆုံးကြောင်း ဗိုလ်နတ်ဆိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် ဖမ်းဆီးထားသည့် PDF ရဲဘော် ၄ ဦးကို ဓားစာခံ ပြုလုပ်ကာ အရပ်သား အသွင်ယူပြီး ဆိုင်ကယ် ၁၂ စီးဖြင့် ဆည်တော်ဘောင်ပေါ်သို့ လာရောက်စဥ် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှု ဖြစ်စဥ်အတွင်း အကြမ်းဖက် စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်လာသည့် PDF ရဲဘော် ၄ ဦးမှ ၂ ဦးသည် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျန် ၂ ဦးကို အကြမ်းဖက် စစ်တပ်က ပြန်လည် ဖမ်းဆီးသွားကြောင်း သိရသည်။

” စစ်ခွေး ၅ ကောင်ကို အနီးကပ် ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ပြီး ဖမ်းဆီးခံရဲဘော် ၄ ဦးထဲက ၂ ဦး ထွက်ပြေးလွှတ်မြှောက်လာခဲ့ပါတယ်။ ကျွန်တော်တို့ မဟာမိတ် ရဲဘော်တွေ အထိအခိုက် မရှိ အောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု နတ်ဆိုး (မြေအောက် တော်လှန်ရေး တပ်ဖွဲ့)မှ ဗိုလ်နတ်ဆိုးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို နတ်ဆိုး(မြေအောက်ဘတော်လှန်ရေးတပ်ဖွဲ့)နှင့် နဂါးညီနောင် (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ)မတ္တရာ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

PDF ရဲဘော် ၃ ဦးကို အကြမ်းဖက် စစ်တပ်က ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မတ္တရာမြို့နယ် ဆိတ်သာကျေးရွာ အနီး၌ အရပ်ဝတ်ဖြင့် စစ်သားများက တားဆီး ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များနှင့်အတူ ပါလာသည့် လက်နက်၊ ခဲယမ်း အများအပြားလည်း သိမ်းဆည်းခံရကြောင်း၊ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင် ရုံးပင်ကျေးရွာ အနီး စစ်သားများက အရပ်ဝတ်များဖြင့် ထပ်မံစစ်ဆေးစဥ် PDF ရဲဘော် ၁ ဦး ထပ်မံဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ကယားပြည်နယ်၊ ဖရူဆိုမြို့၊ လောဘူးဒါးရပ်ရှိ အကြမ်းဖက်စစ်ကောင်စီ ခြေကုပ်စခန်းကို ဒီဇင်ဘာလ ၁၃ ရက် မွန်းလွဲ ၁ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အကြမ်းဖက်စစ်သား အင်အား ၅၀ ခန့်ဖြင့် တပ်စွဲနေရာယူထားသော စခန်းကို KNDF/ B-04 နှင့် KA ပူးပေါင်းတပ်ဖွဲ့မှ ရှောင်တခင်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်း ဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း KNDF တပ်ရင်း ၄ က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article