32 C
Yangon

တံတားဦးမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်သည့် မြေငလျင် ပြင်းအား ၅ ဒသသမ ၂ အဆင့်ရှိပြီး ပြည်သူအများစု ခံစားသိရှိ၊ မင်းကွန်းတွင် ရှေးဟောင်း ခြင်္သေ့ရုပ် ပြိုကျ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ကို ဗဟိုပြု၍ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၃ နာရီ ၁၆ မိနစ် အချိန် ပြင်အား ၅ ဒသသမ ၂ အဆင့်ရှိပြီး မြေငလျင် လှုပ်ခတ် သွားခဲ့ပြီး ပြည်သူအများစု ခံစား သိရှိ ရကြောင်း မန္တလေးမြို့ခံပြည်သူများနှင့် နိုင်ငံတစ်ဝန်း ပြည်သူများက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆို သည်။

ဒီဇင်ဘာလ ၁၅ ရက် နံနက် ၃ နာရီ၊ ၁၆ မိနစ်၊ ၃၅ စက္ကန့် တွင် မန္တလေး မြေ ငလျင် စခန်းမှ တောင်-အနောက်တောင်ဘက် ၁၅ မိုင် ခန့်အကွာ၊ တံတားဦး မြို့၏ အရှေ့ဘက် ၄ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ၅ ဒသမ ၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေ ဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

“မန္တလေးဘက်မှာတော့ အတော်ကြီး သိသာပါတယ်။ အိမ်တွေပါ လှုပ်ရမ်းတော့ ပြိုကျမလားဆိုပြီး ထပြေးရတယ်” ဟု မန္တလေးဒေသခံတစ်ဦးက ပြောသည်။

လတ်တလော ငလျင်ကြောင့် မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်၊ ခန္တော တိုက်၊ မဏိရတနာကျောင်းဝင်းအတွင်းရှိ ပတ္တမြားစေတီတော် ၏ စိန်ဖူးတော် မြေခရပြီး မူလပထမကျောင်းတော်ကြီး မဏိရတနာကျောင်း ၏မျက်နှာ ကျက် များ ၊ ဘုရားစဥ်ဆံချိတ်များ ၊ ပန်းပုကန်နုတ်ပန်းများ ၊ ပြတင်းပေါက်မှန်များ၊ ပန်းကန်များ ကွဲကြေပျက်စီးကြောင်း အဆိုပါကျောင်းက သတင်း ထုတ်ပြန် သည်။

ထို့ပြင် မန္တလေးမြို၊ဒက္ခိဏာဝန်ကျောင်းတိုက်၊သိမ်ကျောင်းအတွင်းရှိ ရှေး ဟောင်း ဗုဒ္ဓဆင်းတုတော်၏ ဦးခေါင်းပိုင်း ငလျင်ကြောင့် ပြိုကျသွားကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ မင်းကွန်းကျေးရွာရှိ မြသိန်းတန် စေတီတော်၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို ပြုတ်ကျခြင်း၊ စေတီတော်၏ အရှေ့ဘက် ခေါင်းလောင်း မှောက် အောက်ခြေမှ အထက်သပိတ်တော်အထိ ပေ ၄၀ ခန့် အက်ကြောင်း များ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ မင်းကွန်းပုထိုးတော်ကြီးသည် ယခင်ထက် ပိုမို ကွဲဟသွားပြီး ခြင်္သေ့ရုပ်ကြီးမှာလည်း ယခင်ထက် ပိုမိုပြိုကျသွား သည်ဟု ဒေသပြည်သူ များ က ရန်ကုန်ခေတ်သစ် သတင်းဌာန ထံပြောဆိုသည်။

ရန်ကုန်ခေတ်သစ်၏ စုံစမ်းချက်များအရ စစ်ကိုင်း၊ မုံရွာ၊ တံတားဦး ကျောက် ဆည်၊ ပလိပ်၊ မန္တလေး၊ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ ကလော တောင်ကြီး မိုးကုတ် စသည့် မြို့ကြီးများမှ ပြည်သူများက ငလျင်ကို သိသိသာသာ ခံစား လိုက် ရကြောင်း ပြောဆိုကြသည်။

မြန်မာဗေဒင်အဟောများတွင် ယခု နတ်တော်လအတွင်း ငလျင်လှုပ်ပါက စစ် ကြီး ကျရောက်မည်ဖြစ်ကြောင်း ဟောပြောရေးသားမှုများရှိကြောင်း မန္တ လေး မှ ဆရာတော် တစ်ပါးက မိန့်ဆိုသည်။

ဓာတ်ပုံ-ယနေ့ နံနက် ငလျင်ကြောင့် မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်၊ ခန္တောတိုက်၊ မဏိရတနာကျောင်းဝင်းအတွင်းရှိ ပတ္တမြားစေတီတော် ၏ စိန်ဖူး တော် မြေခသည့်မြင်ကွင်းနှင့် မင်းကွန်းမှ ခြင်္သေ့ကြီး လက်မောင်းပြိုကျမှု မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article