37 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံးကာ ဒုတပ်ရင်းမှူး ဒဏ်ရာရ၊ ပဲခူးတိုင်းတွင် အုပ်ချုပ်ရေးမှူး ၁ ဦး အသတ်ခံရပြီး စစ်တပ်ထောက်ပို့ တံတားတစ်စီးကို မိုင်းခွဲ ၊ အရာတော်တွင် စစ်တပ်စခန်းကို လက်နက်ကြီးဖြင့် တိုက်ခိုက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ စစ်ကိုင်း တိုင်း၊ အရာတော်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီ ဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

KNU တပ်မဟာ ၅ နယ်မြေ တိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံးပြီး ဒုတပ်ရင်းမှူး ဒဏ်ရာရ

=====================================

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲဖြစ်ပွားပြီး စစ် ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကာ ဒုတပ်ရင်းမှူးတစ်ဦး ဒဏ် ရာရ ရှိကြောင်း KNU က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်က KNU တပ်မဟာ ၅ နယ်မြေ၊ လယ်မူ ပလောအကြမ်းဖက် စစ်ကောင်စီစခန်းကို အင်အားဖြည့်ရန် ဝင် ရောက် လာသော အကြမ်းဖက်စစ်သားများကို KNLA တပ်ဖွဲ့က ခြုံခို တိုက် ခိုက်ခဲ့ရာ စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း မူထြော်သတင်းစဉ် ထုတ်ပြန်ချက် အရ သိရသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် KNU တပ်မဟာ ၅ နယ်မြေအတွင်း ရှိ စစ်ကောင် စီ တပ်စွဲ ထားရာ နေရာများဖြစ်သော စောမူလောဒေသရှိ ဘူဆဲကျော်လိုး ၊ တာခဲ ဒဲဒေသ ဟော်ခီခီး၊ ကောကော့ ထာ၊ စောမူတာခိုကျိုးနေရာများကို KNLA တပ်ဖွဲ့က ၅ ကြိမ် ဝင်ရောက်ခိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၂ ဦး သေ ဆုံးပြီး ဒုတပ်ရင်း မှူး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းတွင် အုပ်ချုပ်ရေးမှူးတစ်ဦး ရှင်းလင်းခံရပြီး စစ်တပ် ထောက်ပို့ တံတားကို မိုင်းခွဲ ရှင်းလင်းခံရ

=======================================

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ဇီးပင်သာကျေးရွာတွင် ဒီဇင်ဘာလ ၁၃ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်က အကြမ် ဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ခင်ဇော်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။

နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၁ (ပါဝါအဖွဲ့နှင့် ပူးပေါင်း အဖွဲ့တို့)က ၎င်း၏နေအိမ်၌ ဝင်ရောက် ပစ်ခတ် ရှင်း လင်းခဲ့ခြင်ဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဇော်ခင်သည် နေရာ၌ပင် ပွဲချင်းပြီး သေဆုံး သွားကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးခင်ဇော်သည် စစ်တပ်က ထုတ် ပေးထားသည့် ပစ္စတို ကိုင်ဆောင်ထားပြီး သစ် ကား၊ သစ်ဖောင်နှင့် လောင်း ကစား ဝိုင်းများမှ ဆက်ကြေးကောက်ခံကာ စစ်ကောင်စီအား ပေးသွင်း နေ သူဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ ဒေါက်တိုင်အကြီးစားဖြစ်သဖြင့် ပစ် ခတ်ရှင်းလင်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၁၂ ရက် ည ၈ နာရီခန့်ကအကြမ်းဖက်စစ်ကောင်စီမှ ထောက်ပို့လမ်းကြောင်း အဖြစ် အသုံးပြုနေသော ပဲခူးတိုင်း၊ ကျောက်တံခါး မြို့နယ်၊ အနန်းဘော်ကျေးရွာအုပ်စု၊ အုန္နဲပင်တံတားကို နန်း ထိုက် အောင် စစ်ဆင်ရေးအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း အမှတ် ၃၇၀၂ က မိုင်းဆွဲ တိုက် ခိုက် ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင် များအားလုံး အထိ အခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

အရာတော်၊ ငွေတွင်းရွာရှိ စစ်စခန်းကို လက်နက်ကြီးဖြင့် တိုက်ခိုက်

=====================================

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ် သား၊ ပျူစောထီးများကို ဒီဇင်ဘာလ ၁၅ ရက် ညနေ ၆ နာရီခန့်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း MMUPDF ထံမှ သိရသည်။

ငွေတွင်းကျေးရွာတွင် တပ်စွဲထားပြီး ဒေသခံပြည်သူများကို ညှင်းပန်းနေသော အကြမ်းဖက်စစ်သား ၊ပျူ စောထီးများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တာဝေးပစ် ၁၂၀ မမ၊ ၆၀ မမ ၆ လက်ဖြင့် ပစ်ခတ်ခဲ့ ရာ အကြမ်းဖက် စစ်သား များနေထိုင်ရာ စခန်းအတွင်းသို့ ၃ လုံးထိမှန်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစော ထီးများသေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – MMUPDF ၊ Ngwe Dwin Revolution Force( NDRF) ၊ မော်ကွန်းသစ် PLA ၊ မုံရွာအဖွဲ့၊ စတားလုံး၊ Masi Naw(ငရဲမီး) ပြောက်ကျားတပ်ဖွဲ့၊ စစ်ကိုင်းခရိုင်တပ်ရင်း ၆ ၊ တပ်ခွဲ ၁ ၊ စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း၊ မုံရွာခရိုင် အမှတ် ၂၁ တပ်ရင်း တပ်ခွဲ ၁ ၊တပ်ခွဲ ၂ နှင့် မြင်းမူမြို့နယ် ပကဖတို့ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ပဲခူးတိုင်း၊ ကျောက်တံခါးရှိ စစ်တပ်ထောက်ပို့ တံတားကို မိုင်းခွဲ ရှင်းလင်းထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article