35 C
Yangon

မြန်မာပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီ လေတပ်ရဲ့ လေယာဥ်ဆီ လမ်း ကြောင်းတွေကို ဘယ်လိုဖြတ်တောက်ကြမလဲ

Must read

By မောင်း

အကြမ်းဖက် စစ်ကောင်စီလက်ထဲကို လေယာဥ်ဆီတွေ မရောက်ရှိရေးဟာ နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်ထိ အရေးကြီးတယ်ဆိုတာ လက်ရှိ မြေ ပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေက ပြသနေပါတယ်။

မြင်သာတဲ့ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုအနေနဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းနယ် လက်ယက်ကုန်း စာသင်ကျောင်းကို စစ်တပ်ရဲ့ လေကြောင်းက ပစ် ခတ်တိုက်ခိုက်မှုအတွင်း ကလေးသူငယ် အများအပြား သေဆုံးခဲ့ရတဲ့ ဖြစ် ရပ်နဲ့၊ ဖားကန့် အနန့်ပါ ဒေသ ဂီတပွဲ ဗုံးကြဲခံရလို့ ပွဲကြည့်သူများ အစုလိုက် အပြုံ လိုက် သေကြေခဲ့ရတဲ့ ဖြစ်ရပ်တွေဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ သိသာထင်ရှားတဲ့ ရက်စက်တဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လေကြောင်း တိုက် ခိုက်မှုတွေပဲ ဖြစ်ပါတယ်။

အရပ်သားများကို လေကြောင်းကနေ အကြမ်းဖက် ထိုးစစ်ဆင်ပြီး စစ်ရာဇ၀တ် မှုမြောက်တဲ့ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုပုံစံတွေ အပါအဝင်၊ တိုက် လေယာဥ်တွေ အခြေစိုက် ရာစခန်းတွေနဲ့ လေယာဉ်ဆီ ဖြည့်တင်းမှုတွေ အကြောင်းကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီး တစ်ခုဖြစ်တဲ့ Amnesty International (နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့) ရဲ့ သုတေသနပြု လေ့လာတွေ့ရှိချက် အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဦးစွာ အကြမ်းဖက်စစ်တပ်က ပြည်သူတွေကို အကြမ်းဖက် ဗုံကျဲတိုက်ခိုက်ဖို့ တိုက်လေယာဉ်ဆီတွေကို ဝယ်ယူရာမှာ တိုက်လေယာဥ်ဆီအနေနဲ့ ဝယ်ယူတာ မဟုတ်ဘဲ “ပြည်တွင်းသုံး အရပ်ဖက်/ ခရီးသည်တင် လေယာဉ်တွေ” မှာ အသုံး ပြုမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံတကာကနေ လီဆယ်ဝယ်ယူနေခြင်း ဆိုတာကို ဒီဆောင်းပါးရဲ့ ပထမအပိုင်းမှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။

ပြည်သူကို ပြန်သတ်နေတဲ့ စစ်ရာဇဝတ်မြောက်တဲ့ လေကြောင်းတိုက်ခိုက်မှု တွေမှာ လေယာဥ်ဆီတွေကို ဘယ်မှာသိုလှောင်ထားတာနဲ့ တိုက်လေ ယာဥ်တွေ ဘယ်နေရာတွေကနေ တက်လာတာ ဆိုတာမျိုးကို တိတိကျကျ ခြေရာခံနိုင်အောင် ကြိုးစားခြင်းကလည်း တရားမျှတမှု ပြန်လည် ရရှိရေး အတွက် အထောက်အကူ ပြုစေနိုင်တဲ့အချက်တွေပဲ လို့လည်း အစီရင်ခံစာ ထဲမှာ ထောက် ပြထားပါတယ်။

တောင်ငူ၊ တံတားဦး၊ မှော်ဘီ၊ မကွေးလေဆိပ်တို့ကနေ တက်လာတဲ့ လေယာဉ် တွေ ဟာ ဘယ်လိုနေရာတွေကို တိုက်ခိုက်သွားလဲ ဆိုတာကို CDM ပြုလုပ် လာတဲ့ လေတပ် အရာရှိတွေနဲ့ မြေပြင်တော်လှန်ရေး တပ်ဖွဲ့တွေဆီကနေ အချက် အလက် အများအပြား ရယူစုဆောင်းနိုင်ခဲ့တယ်လို့ Amnesty International (နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့) က ဆိုပါတယ်။

စစ်တပ်ရဲ့ တိုက်ခိုက်ရေးလေယာဉ်တွေဟာ ဟဲဟိုး၊ မန္တလေးနဲ့ နေပြည်တော်လို စစ်တပ်နဲ့ အရပ်သား ရောယှက်နေတဲ့ လေယာဉ်ဆီ သိုလှောင်ကန်တွေမှာ အများ ဆုံးရပ်နား ဆီဖြည့်ပြီး တိုက်ခိုက်မှုတွေကို စတင်လေ့ရှိတယ်လို့ လေ့လာ တွေ့ရှိချက်အချို့မှာ ဖော်ပြထားပါတယ်။

မတူညီတဲ့ ရှုထောင့်သုံးခုလောက်ကနေ ဂြိုဟ်တုကတစ်ဆင့် ရိုက်ကူးထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ နေပြည် တော်အခြေစိုက် လေတပ်စခန်းရဲ့ အနောက် မြောက်ဘက်မှာ အဆောက်အအုံသစ်ခြောက်ခုနဲ့ လေယာဉ် ပြေး လမ်းတွေကို တွေ့ခဲ့ရတယ်လို့ Myanmar Witness ရဲ့ စုံစမ်းဖော် ထုတ်ချက် တွေမှာ ဖော်ပြထားတယ်လို့လည်း ဆိုပါတယ်။

အဲ့ဒီအဆောက်အအုံတွေကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ စတင် ဆောက် လုပ်ခဲ့ပြီး၊ မတ်လမှာတော့ ရုရှားက ဝယ်ယူထားတဲ့ တိုက်လေယာဉ်အသစ်တွေ ရောက်ရှိလာခဲ့တာကို ဂြိုလ်တု ဓာတ်ပုံမှတ်တမ်းတွေ အရ တွေ့ရပါတယ်။

ဒါဟာ စစ်ကောင်စီက လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်ဖို့ အစီအစဉ် တွေကို အရှိန်မြှင့် လုပ်ဆောင်ဖို့ရာအတွက် ကြံစည်အားထုတ်နေ တယ်ဆို တာကို သိသာပေါ်လွင်စေခဲ့တာပါ။

အခုနှစ်ထဲမှာ ရုရှားကနေ အသစ်ဝယ်ယူ ရောက်ရှိနေပြီဖြစ်တဲ့ Su-30 တိုက် လေယာဥ်တွေဟာဆိုရင် အကွာအဝေးအားဖြင့် နေပြည်တော်ကနေ မြန်မာ ပြည် မြောက်ပိုင်း ကချင်ပြည်နယ် အပေါ်ပိုင်းထိ သွားရောက် တိုက်ခိုက် နိုင်သလို၊ တောင်ဖျားက ကော့သောင်းအထိပါ သွားရောက်နိုင်ပါတယ်။

လေကြောင်းကနေ အတိအကျ တိုက်ခိုက်သွားတဲ့ နေရာ၊ နေ့ရက်၊ အချိန်နဲ့ လေယာဉ် ကွင်းတွေကို အတိအကျ ဖော်ထုတ်ထားနိုင်ခြင်းက စစ်ရာဇဝတ်မှုကို မရပ်မနား ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို ပြစ်ဒဏ်ပြန်လည် စီရင်နိုင်တဲ့ တနေ့မှာ အလွန်အရေးပါတဲ့၊ လုံး၀ပြေးထွက်လို့ မလွတ်နိုင်တဲ့ အထောက် အထားတွေ ဖြစ်လာမှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီလို ရက်စက်လှတဲ့ စစ်ရာဇဝတ်မှုတွေမှာ ပါဝင်ခဲ့တဲ့သူတွေအနေနဲ့ “အမိန့်ကြောင့်ပါ” ဆိုတဲ့ ဆင်ခြေကို ပြည်သူတွေက လက်ခံတော့တဲ့ အခြေအနေ မှာ ရှိနေမှာ မဟုတ်တော့ဘူး ဆိုတာကို မဖြစ်မနေ သိထားရ ပါတော့မယ်။

ပြည်သူကို မျက်နှာမမူဘဲ ဒီလိုစစ်ရာဇဝတ်မှုတွေကို ကျူးလွန်သူတွေအတွက် တနေ့မှာ လုပ်ရပ်အတွက် မဖြစ်မနေ အပြစ်ပေးခြင်းကို ခံရမယ်ဆိုတာ ကတော့ မလွဲဧကန် ဖြစ်လာပါလိမ့်မယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article