32 C
Yangon

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းကို တိုက်ခိုက်မှု ပျူစောထီး ၁၅ ဦး သေဆုံးဟုဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ အကြမ်းဖက်စစ်တပ် လက်အောက် ခံ ပျူစောထီးစခန်းကို ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက် ညနေ ၅ နာရီခန့်က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁၅ ဦး သေ ဆုံး သွားကြောင်း မြန်မာ့ တော်ဝင် နဂါးတပ် တော် (MRDA) တပ်ဖွဲ့ထံမှ သိရသည်။

ပျူစောထီးများစုဝေးနေချိန် အလစ်အငိုက်ဖမ်းကာ အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျူစောထီး ၄ ဦးသာ ထွက် ပြေးလွတ် မြောက်သွား ကြောင်း၊ ပျူစောထီး ကင်းပုန်းများမှလည်း စက်ကလေးဖြင့် ပြန် လည် ပစ်
ခတ်တိုက်ခိုက်ရာ တိုက်ပွဲကြာချိန် မိနစ် ၄၀ ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

“ပျူတွေက စုနေတာ၊ မီတာ ၁၀၀ လောက်ပဲရှိတာဆိုတော့ တိုင်ပင်ခေါ်ပြီး Auto ဆွဲခဲ့တာ၊ 79 ကော တည့်တည့်ကျတာဆိုတော့ အတော်များများ လဲကျ သွားတာ၊ ၄ ယောက် လောက်ပဲ ထွက်ပြေးလွတ် သွားတာ၊ ပြီးတော့ ကင်းပုန်း တွေက ထပစ်တော့တာပဲ” ဟု တိုက်ပွဲဝင်ရဲဘော်တစ်ဦးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်မတော် (M.R.D.A) မှ အထူး တပ်ဖွဲ့များနှင့် 96 Soldiers တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ဒီဇင်ဘာ ၇ ရက်နေ့ကလည်း ဇီးဖြူကုန်းပျူစခန်းမှ ပျူစောထီးများ ညကင်းလဲ ချိန်တွင် အ လစ် စောင့်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံး ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဇီးဖြူကုန်းကျေးရွာရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီး ၁၈ ဦးသေဆုံး ခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)၏ ထုတ်ပြန်ချက်အရ သိရသည်။

Photo- 96 Solider PDF တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article