38 C
Yangon

ကော့ကရိတ်၊ လှိုင်း၀ ၊ ငါးတိုင်၊ ကျုံဒိုးရှိ စစ်တပ်စခန်းများကို Lion Battalion က ဦးဆောင်ပြီး KNLA ၊ PDF ပူးပေါင်းတပ်များ တိုက်ခိုက်မှု ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် စစ်တပ်ဘက်မှ ၄ ဦးသေဆုံး၊ ငါးဒိုင်လျှပ်စစ်ဓတ်အားခွဲစက်ရုံ ပစ်ခတ်မှုတွင် စစ်တပ်ဘက်မှ အသေများ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်း၀ ၊ ငါးတိုင်၊ ကျုံဒိုးရှိ စစ်တပ်စခန်း များကို Lion Battalion Commando Special Force စစ်ကြောင်းက ဦး ဆောင်ပြီး KNLA၊ PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကြောင်း Lion Battalion Commando Special Force စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၅ နာရီ ၄၀ မိနစ်အချိန်မှစတင်၍ ကော်သူလေး တပ်မတော်၊ Lion Battalion Commando Special Force စစ်ကြောင်းက ဦးဆောင်ပြီး KNLA တပ်များ၊ PDF တပ်များ အပါအဝင် မဟာမိတ် တပ်များက ကော့ကရိတ်၊ လှိုင်း၀၊ ငါးတိုင်၊ ကျုံဒိုး နယ်မြေများရှိ စစ်ကောင်စီတပ် စခန်း များကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်း၊ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦး၊ တပ်ရေးဗိုလ်ကြီး ၁ ဦး၊ အမျိုးသမီးစစ်သည် ၁ ဦး၊ တပ်သား ၁ ဦး သေဆုံး ပြီး လက်နက် ၃ လက်ရရှိကြောင်း သိရှိရသည်။

“မနက်၅နာရီ ၄၀ မိနစ် တိုက်ပွဲစပါတယ်။ ကော့ကရိတ် လှိုင်းဝ ငါးတိုင်၊ ကျုံဒိုး နယ်မြေ တွေမှာ တပ်စွဲထားတဲ့ စစ်ခွေးနဲ့ ရဲခွေးတွေရဲ့ နေရာတွေကို KTLA ကောသူးလေအာမီ Lion Battalion Commando Special Force ဗျုဟာ စစ်ကြောင်းနှင့်တော်လှန်းရေးပူးပေါင်းစစ်ကြောင်းမှဝင်ရောက်တိုက်ပါတယ်။ စစ်ခွေးတွေဘက်က တပ်ရေးဗိုလ်ကြီးတစ်ဦး ၊ ဒုတပ်ရင်းမှူး ဗိုလ်မှူးတစ်ဦး ရဲမေတစ်ဦး၊ ရဲဘော်တစ်ဦး သေပါတယ်။ လက်နက်တွေရပါတယ်” ဟု Lion Battalion Commando Special Force စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းနောက် ကော့ကရိတ်မြို့နယ်၊ မဟာမိတ်ပူးပေါင်းတပ်များက ငါးတိုင်လျှပ် စစ် ဓာတ်အားခွဲစက်ရုံတွင် တပ်စွဲထားသော စစ်တပ်နှင့်ရဲများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ သေဆုံးမှု အလွန်များပြားကြောင်း သိရှိ ရသည်။

“ငါးတိုင်လျှပ်စစ်ဓာတ်အားခွဲရုံမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ရဲကို ဝင်တိုက်တော့ သူတို့ဘက်က သေတာတွေများတယ်။ အရေအတွက်တော့ အတိအကျ မသိရ ဘူး။ သေတာများတယ်” ဟု Lion Battalion Commando Special Force စစ်ကြောင်း တာဝန်ရှိသူက ဆက်လက်ပြောသည်။

စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် နံနက် ၈ နာရီမှစတင်ပြီး ၂ ကြိမ် ဗုံးကျဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ကြောင်း၊ တိုက်ပွဲသည် နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ပြီးဆုံးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ-Lion Battalion Commando Special Force စစ်ကြောင်းမှ ရဲဘော် များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article