34 C
Yangon

စစ်ကိုင်းတိုင်းရှိ စစ်တပ် မီးရှို့ခဲ့သော ကျေးရွာ တစ်ရွာတွင် အညာ ပစ်တိုင်းထောင်လေးများ အဖွဲ့ ဆန္ဒပြ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်တပ် မီးရှို့ခဲ့သော ကျေးရွာ တစ်ရွာ၏ မီးလောင်ပြင်တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့က အညာ ပစ်တိုင်းထောင်လေးများ အဖွဲ့က ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ အိမ်ကိုသာ မီးရှို့လို့ရမယ်။ ကျွန်မတို့ တော်လှန်စိတ်ကို မီးရှို့လို့မရပါဘူး။ ပြာကျသွားတဲ့ထဲ တော်လှန်စိတ်ပါမသွားဘူး။ ကျွန်မတို့က ရရာနည်းနဲ့တော်လှန်သွားမှာပါ။ စစ်ကောင်စီက ယုတ်မာဖို့ မီးရှို့ဖို့ပဲတတ်တာ ကျွန်မတို့ ပြည်သူတွေ ပြောချင်တာက ခုချိန်မှာပိုင်ဆိုင်မှုဆိုတာ မတည်မြဲဘူး။ ဘယ်အချိန်မီးရှို့ခံရမလဲဘဆိုတာ ပဲတွေးနေရတာ ဒီတော်လှန်ရေးကြီးအောင်မှ ကျွန်မတို့ရဲ့ ပိုင်ဆိုင်မှုကတည်မြဲမှာပါ။ တော်လှန်ရေးကြီးအောင်ဖို့ ပြည်သူမှပြည်သူသို့ ကူညီမယ်။ ဖေးမမယ် တောတွင်းက PDF လေးတွေကိုလည်း ထောက်ပံ့ရမယ်။ သူတို့တွေလည်းအမေ့အိမ်ပြန်ချင်နေပါပီ။ ပြည်သူအချင်းချင်းစည်းလုံးပေးကြပါ” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article