30 C
Yangon

ပေါက်မြို့နယ်၊ ရွှေဘုံသာရွာရှိ စစ်တပ် ကင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်စဉ် စစ်ကောင်စီ တပ်သားများ တပ်ပျက်ပြီး ထွက်ပြေး

Must read

ပေါက်မြို့နယ်၊ ရွှေဘုံသာရွာရှိ စစ်တပ် ကင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်စဉ် စစ်ကောင်စီ တပ်သားများ တပ်ပျက်ပြီး ထွက်ပြေး

ရန်ကုန်၊ မေ ၂

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရွှေဘုံသာရွာရှိ စစ်တပ် ကင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်စဉ် စစ်ကောင်စီ တပ်သားများ တပ်ပျက်ပြီး ထွက်ပြေးသွားကြောင်း ပြည်သူ့လွတ်မြောက် ရေးတပ်မတော် – PLA က ထုတ်ပြန်ထားသည်။

မေလ ၁ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က ပေါက်မြို့နယ် မြောက်ပိုင်း၌ အခြေစိုက် တပ်စွဲနေသော ရွှေဘုံသာရွာရှိ အကြမ်းဖက်စစ်သားနှင့် ပျူစောထီး များပူးပေါင်း တပ်စွဲထားသော ကင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက Drone ၊ လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နံနက် ၉ နာရီ မိနစ် ၃၀ အချိန်တွင် တော်လှန်ရေး ရဲဘော်များက ထိုးစစ်ဆင် တိုက်ခိုက်စဉ် အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ တပ်ပျက်ပြီး ထွက်ပြေးသွား ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်း ပစ်ကူများ၊ လက်နက်ကြီး ပစ်ကူများနှင့် ခြေလျင် စစ်ကြောင်းများဖြင့် စစ်ကူအများအပြား ရောက်ရှိလာခြင်းကြောင့် တော်လှန်ရေး အင်အားစုများ ပြန်လည် ဆုတ်ခွာခဲ့ရပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်ခဲ့သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA အမှတ် ၈၁၅ တပ်ဖွဲ့ – PLA (အ နောက်မြောက်စစ်ဒေသ) ၊ ပခုက္ကူတပ်ရင်း ၁၆ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ တပ်ခွဲ ၄ – ဖီးနစ်ပြောက်ကျား တပ်ဖွဲ့ ၊ PDO/PDA ၊ PREI မဟာမိတ်တပ်ပေါင်းစု (MUGDFIဇာမဏီပြောက်ကျား တပ်ဖွဲ့James Bond တပ်ဖွဲ့) ၊ RDF နှင့် YRG တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article