35 C
Yangon

ဖရူဆိုနှင့် ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်သားများ တိုက် ခိုက်ခံရပြီး ၉ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ နယ်တို့တွင် အကြမ်းဖက်စစ်သားများတိုက် ခိုက်ခံရပြီး ၉ ဦး သေဆုံးကာ ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ကယားပြည်နယ်၊ ဖရူဆိုမြို့တောင်ဘက်ခြမ်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ အမှတ် ၁၄ တန်းမြှင့် စစ်လေ့ ကျင့်ရေးကျောင်း၏ အထူးလုံခြုံရေးစခန်းကုန်းဖြစ်သည့် မာခရော်ရှေ့ စခန်းကို ဒီဇင်ဘာလ အတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ် သား ၉ ဦးသေဆုံးခဲ့ကြောင်း Karenni Army Center – Kn.A.C က ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ အနည်းဆုံး ၉ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီ စစ်လေ့ကျင့်ရေးကျောင်း သည် မာခရော်ရှေ့၊ လောဂျာ၊ ဒေါလော့ခူ စသည့် ကျေးရွာများမှ ပြည်သူပိုင်ခြံမြေ ဧက ၂၇၀၀ ကျော်ကို ၂၀၁၀ ပြည့်နှစ်တွင် စတင်သိမ်းယူကာ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် KNPP ငြိမ်းချမ်းရေး ဦးစားပေးအဆင့် ကန့်ကွက် ဆွေးနွေးခဲ့သည်သာမက စစ်လေ့ကျင့်ရေးကျောင်းအစား ဒေသခံပြည်သူများအတွက် တက္ကသိုလ် အဖြစ် ပြောင်းလဲအသုံးပြုရန် တင်ပြခဲ့သော်လည်း ဦးအောင်မင်း အပါအဝင် စစ်ကောင်စီအဖွဲ့က သဘောမ တူဘဲ ယနေ့ထိတိုင် စစ်လေ့ကျင့်ရေးကျောင်းအဖြစ် ဆက်လက်ထားရှိခြင်းဖြစ် ကြောင်း Karenni Army Center – Kn.A.C ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်လေ့ကျင့်ရေးကျောင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်မှ နေ့စဉ်နှင့်အမျှ အမြှောက် လက်နက် ကြီးများနှင့် ပစ် ခတ်လျက်ရှိရာ ဒေသခံ ပြည်သူအချို့ထိခိုက်မူများရှိသည့်အပြင် တောင်ယာများသွား ရောက် လုပ်ကိုင်စားသောက်ရန် အခက်ခဲများရှိနေကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပန်းလှိုင်ရွာတွင် တပ်စွဲထားသော ပျူစောထီးများသည် ရွာမှ ထွက်လာစဉ် နှစ်ကြိမ်တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးနိုင်ကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ရန် ကုန်ခေတ်သစ်သတင်းဌာနကို ပြောသည်။

မနေ့က ဒီဇင်ဘာလ ၁၆ ရက် နေ့လည် ၁ နာရီ မိနစ် ၂၀ ခန့်က အကြမ်းဖက်စစ်သား၊ ပျူစောထီး အင်အား ၁၀ ဦးခန့်ဖြင့် ကွန်ဆိပ်ရွာဘက်မှ ချောင်းရိုးအတိုင်းထွက်ခွာလာစဉ် လက်နက် ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှ ၆၀ မမ၊ ၄၀ မမ၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ် ခတ်ပြီး တပ်ဆုတ်သွားကြောင်း သိရသည်။

“ချောင်းရိုးထဲကနေ တက်လာတဲ့အချိန်မှာ ချောင်းပြီးတိုက် ခိုက်တာ၊ သူတို့ကလက်နက်ကြီးတွေနဲ့ ပစ်ပြီး ပြန်ထွက်သွားတာပေါ့၊ နောက်တစ်ခါ ဒုတိယအကြိမ်လူစုပြီးတော့ ပြန်ထွက်လာတာ၊ အဲဒီအချိန်မှာကျ တော့မိုင်းပွိုင့်ပေါ်တည့်တည့်ရောက်လာတဲ့အချိန် မိုင်းခွဲတိုက်ခိုက်လိုက်တာ၊ နှစ်ယောက်တော့ ပြင်းပြင်း ထန်ထန်ဒဏ်ရာရသွားတာ၊ ကျန်ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ ပြင်းပြင်းထန်ထန်ဒဏ်ရာတဲ့ နှစ် ယောက်ကတော့ သေနိုင်တယ်၊ တိတိကျကျမသိရသေးတာ” ဟု အရာတော်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ပြန်ကြား ရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။

အကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် နေ့လည် ၁ နာရီ ၅၅ မိနစ်တွင် ဒုတိယအကြိမ်ထွက်ခွာ လာခြင်းဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားသူ ၂ ဦးကို ထော်လာဂျီတစ်စီးအားချောဆွဲ၍ တင်ဆောင်သွားကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Photo- ကရင်နီတပ်မတော်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article