30 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မှာ ပြုလုပ်တဲ့ ဒီဇင်ဘာလ ၁၆ ရက် နေ့ ကုလသမဂ္ဂမျက်နှာစုံညီ အထွေ ထွေညီလာခံမှာ တရုတ်၊ ရုရှား တို့က ကန့်ကွက်မှုမရှိဘဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် အဖြစ် ဆက်လက် အတည်ပြုလိုက်ပါတယ်။ -ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ ခလရ ၂၇၄ မှ စစ်သား ၁ ဦး သေနတ် ၁ လက်နဲ့ CDM ပြုလုပ်ခဲ့တယ်လို့ CDF-Mindat ဆီက သိရပါတယ်။ – ကချင်ပြည်နယ် ၊ တနိုင်းမြို့နယ်၊ လမုန်ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်း ဖက် စစ်တပ် အောက်ခံ လက်နက် ကိုင် ဒူးလေးပါတီ စခန်းကို KIA တပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ နယ်မြေခံ သတင်း ရင်းမြစ်တွေကဆီက သိရပါတယ်။ -ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ငါးတိုင်ကျေးရွာရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံ မှာတပ်စွဲနေတဲ့ အကြမ်း ဖက် စစ် ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိ နိုင်တဲ့သတင်း အပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article