28 C
Yangon

မုံရွာမြို့ပေါ်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်ရန် မိုင်းအလုံး ၃၀၀ စီမံချက် မဲလက်မှတ်များ ရောင်းချ

Must read

မုံရွာမြို့ပေါ်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်ရန် မိုင်းအလုံး ၃၀၀ စီမံချက် မဲလက်မှတ်များ ရောင်းချ

စစ်ကိုင်း၊ ဒီဇင်ဘာလ ၂၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ဝင်ထွက်သွား လာနေသည့်စစ်ကြောင်းများနှင့် စစ်ကားများကို တိုက်ခိုက်ရန်အတွက် မိုင်း အလုံး ၃၀၀ စီမံချက် စတင်နေပြီဖြစ်ပြီး ပြည်သူများအနေဖြင့် မဲလက်မှတ်များ ဝယ် ယူနိုင်ကြောင်း Special Forces – 11 PDF မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

အဆိုပါ မဲအလုံး ၃၀၀ စီမံချက်အတွက် မဲလက်မှတ်ရောင်းချရာတွင် ပြည်သူ များသို့ မဲဖောက်ပြီး ပြန်လည်ပေးအပ်မည့်ပစ္စည်းများတွင် ဖုန်း၊ ဂစ်တာ၊ ဆွဲကြိုး၊ ကချင်ဝတ်စုံ၊ အင်းလေးရိုးရာလွယ်အိတ် များကို မဲဖောက် ပေးမည် ဖြစ်ကြောင်း၊ မိုင်းအလုံး ၃၀၀ စီမံချက် မဲလက်မှတ်များကို လိုအပ်သော ငွေကြေး ပမာဏ ပြည့်မီသည်အထိ ရက်အကန့်အသတ်မရှိ ရောင်းချသွား မည်ဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ကံစမ်းမဲဝယ်ယူရန် – https://www.facebook.com/profile.php?id=100084518663284 သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ စစ်ရေးပြကွင်းမြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article