28 C
Yangon

စစ်ကိုင်းတွင် စစ်တပ်က မြင်းဆည်းကျေးရွာမှ သက်ကြီးရွယ်အို ၃ ဦးကို မီးရှို့သတ်ဖြတ်၊ ကျေးရွာ ၂ ခုမှ နေအိမ် ၁၀၀ နီးပါးကို မီးရှို့သဖြင့် ပြည်သူ ၉၀၀၀ နီးပါး ထွက်ပြေးနေရ

Must read

စစ်ကိုင်းတွင် စစ်တပ်က မြင်းဆည်းကျေးရွာမှ သက်ကြီးရွယ်အို ၃ ဦးကို မီးရှို့သတ်ဖြတ်၊ ကျေးရွာ ၂ ခုမှ နေအိမ် ၁၀၀ နီးပါးကို မီးရှို့သဖြင့် ပြည်သူ ၉၀၀၀ နီးပါး ထွက်ပြေးနေရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြင်းဆည်းကျေးရွာမှ သက်ကြီးရွယ်အို ၃ ဦးကို စစ်တပ်က မီးရှို့ သတ်ဖြတ်လိုက်ပြီး မြင်းဆည်းကျေးရွာနှင့် သုံးလင့်ကျေးရွာမှ နေအိမ် ၁၀၀ နီးပါးကို မီးရှို့ဖျက် ဆီးလိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာ ၂၇ ရက်နေ့နှင့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် စစ်ကိုင်း မြို့နယ် သုံးလင့်၊ကိုင်းပြင်၊ ကင်းတော်၊ လယ်ပယ်တော၊ မြင်းဆည်၊ ဥယျာဉ်၊ မြစ်သာကျေးရွာများမှ အိမ်ထောင်စု ၁၀၅၀ ‌ကျော် လူဦးရေ ၈၇၅၀ ကျော် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း၊ စစ်တပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြင်းဆည်ကျေးရွာမှ ပြည်သူ့နေအိမ် ၇၈လုံး၊ သုံးလင့်ကျေးရွာ မှ ပြည်သူနေအိမ် ၁၆ လုံး စုစုပေါင်း ၉၄ လုံးကို မီးရှို့ဖျက်ဆီးသွား ကြောင်း သိရှိရ သည်။

“စစ်တပ်က မြင်းဆည်ကျေးရွာမှ သက်ကြီးရွယ်အို ၃ ဦးကို မီးရှို့သတ်လို့ မီးထဲပါပြီး သေဆုံးပါတယ်။ နောက်ထပ် သေဆုံးမှုကတော့ အမျိုးသားတစ်ဦး အအေးမိသေဆုံးပါတယ်။ အဲဒါတွေက ကနဦး သိရ တာတွေပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article