33 C
Yangon

သရက်ချောင်းနှင့် ပုလောတွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၁၆ ဦးသေဆုံး

Must read

သရက်ချောင်းနှင့် ပုလောတွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၁၆ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုကျေးရွာအနီးတွင် မြိတ်မှ ပုလောဘက်သို့ လာသော စစ်ကောင်စီယာဉ်တန်းကို ဒီဇင်ဘာလ ၂၉ ရက်နေ့ မိုင်းဆွဲတိုက် ခိုက် ရာ စစ်သား ၁၀ ဦး ကျော်သေဆုံးကြောင်း King Cobra Force (တောကြီး မြွေ ဟောက်အဖွဲ့)က ပြောသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန် မြိတ်မှပုလောဘက်သို့ သွားသော စစ်သားအင်အား ၇၀ ကျော်ပါ စစ်ယာဉ်တန်းကို King Cobra Force (တောကြီးမြွေဟောက်အဖွဲ့)က ပဒေသာမိုင်းဖြင့် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးကျော် သေဆုံးပြီး ဒဏ်ရာရရှိသူများလည်း များပြားကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာ၊ သိမ်ကုန်း ရေတံခွန်လမ်းဝတွင် ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ က အကြမ်းဖက် စစ် ကောင်စီ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေ ဆုံးခဲ့ ကြောင်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၈ ရက် ညနေ၅ နာရီခန့်က အင်အား ၅၀ ခန့်ဖြင့် လမ်းလျှောက် နေသော အကြမ်းဖက်စစ် သားများကို ပဒေသာမိုင်း ၂ ဖြင့်ဖောက်ခွဲတိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး ၃ ဦးအ ထက်ဒဏ်ရာရရှိကာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို သရက်ချောင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ဝင် များ ဖြစ် သော ဒေါင်းမင်းစစ် ဆင်ရေးအဖွဲ့- TYC ၊ ပုတီးတစ်လုံး ပျောက်ကျား တပ်ဖွဲ့ နှင့် အဖြူရောင်ရိန်းဂျားတပ်ဖွဲ့တို့ပူပေါင်းလုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article