28 C
Yangon

ပုလောတွင် စစ်တပ်၏ မီးရှို့မှုကြောင့် ပြည်သူပိုင်နေအိမ် ၃၂ လုံးပြာကျ

Must read

ပုလောတွင် စစ်တပ်၏ မီးရှို့မှုကြောင့် ပြည်သူပိုင်နေအိမ် ၃၂ လုံးပြာကျ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

တနင်္သာရီတိုင်း၊ ပလမြို့မှ ပု‌လောမြို့ဘက်သို့ ဦးတည်‌မောင်းနှင်လာ‌သော ကား ၁၀ စီးပါ စစ်ယာဉ်တန်းက လမ်းတလျှောက် ကျေးရွာ ၃ ရွာမှ ပြည်သူ ပိုင်နေအိမ် ၃၂ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

စစ်တပ်က ပုလောမြို့နယ်၊ တိုကျေးရွာမှ နေအိမ် ၂၁လုံး၊ တန်းရှင်းကျေးရွာမှ နေအိမ် ၉လုံး၊ သင်္ကန်းတောကျေးရွာမှ နေအိမ် ၂လုံး စုစုပေါင်း ၃၂ လုံး ကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဒီဇင်ဘာ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်မှစ၍ တိုရွာအနီးတွင် စစ်ကောင်စီတပ်များနှင့်ပြ ည်သူ့ကာကွယ် ရေးပူးပေါင်းတပ်အဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ဒေသပြည်သူများကို လူသားဒိုင်းအဖြစ် စစ်တပ်က ဖမ်းဆီးသွားကြောင်း၊ ယင်းနောက် စစ်တပ်က ကျေးရွာကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်က ပြောည်။

“ရွာထဲမှာလက်နက်ကြီး၊ လက်နက်ငယ်သံတွေ ဆူညံနေလိုအိမ်မှာရှိတဲ့ အသက်ကြီးပိုင်းတွေကိုခေါ်၍ တွေ့ရာပစ္စည်းဆွဲယူလာပြီး တောထဲမှာသွားပုန်းနေလိုက်တယ်။ တွေ့ရာလူကိုစစ်တပ်က ဖမ်းဆီးပြီး PDFလို့ စွပ်စွဲရိုက်နှက်တာတွေလည်းပြုလုပ်ခဲ့တာရှိသေးပါတယ်”ဟု ဒေသ ပြည်သူတစ်ဦးကို ကိုးကား၍ Dawei Information Center က သတင်းဖော်ပြသည်။

စစ်တပ်က တို၊တန်းရှင်း၊သင့်ကန်းတောရွာများကို စစ်အင်အား ၂၀၀ နီးပါး ဖြင့် စစ်ကြောင်းထိုးနေပြီး နေအိမ် ၃၂ လုံးကို မီးရှို့ခဲ့ကြောင်း၊ PDF များက တိုက်ပွဲ ဆင်နွှဲလာပါက ရွာလုံးကျွတ် ကို မီးလောင် တိုက်သွင်းမည်ဟု ခြိမ်း ခြောက်ပြောဆိုကြောင်း သိရှိရသည်။

လက်ရှိတွင် တိုက်ပွဲများကြောင့် ကျေးရွာ ၅ ရွာမှ ဒေသခံများသည် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်ကြောင်း စစ်ဘေးရှောင်ပြည်သူများကို ကူညီသူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article