35 C
Yangon

ပုလဲနှင့် ရေစကြိုတွင် စစ်တပ် တပ်စွဲထားသော နေရာများကို ပစ်ခတ်တိုက်ခိုက်မှု ၇ ဦးသေဆုံး၊ ရေတာရှည်တွင် မဲစာရင်း ပြုလုပ်ရန် အိမ်ထောင်စု စာရင်း လိုက်ကောက်သော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်

Must read

ပုလဲနှင့် ရေစကြိုတွင် စစ်တပ် တပ်စွဲထားသော နေရာများကို ပစ်ခတ်တိုက်ခိုက်မှု ၇ ဦးသေဆုံး၊ ရေတာရှည်တွင် မဲစာရင်း ပြုလုပ်ရန် အိမ်ထောင်စု စာရင်း လိုက်ကောက်သော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ကာကွယ်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း PRA တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုဂျပန်ကြီးကပြောဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၆ နာရီ ၂၅ မိနစ်တွင် စစ်သား ၈၀ ခန့် တပ်စွဲထားသော အင်မထီးရွာကို ပြည်သူ့တော်လှန်ရေး တပ်မတော် PRA နှင့် သခင်ဒေါင်းညို အဖွဲ့တို့မှ ဝင်ရောင်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးခဲ့ျကြာငကြွေးမွေးခဲ့သောကြောင့် စကစ 6 ကောင် ဂန့်သွားခဲ့သည်။

” တိုက်ပွဲက ၁ နာရီနီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ အလစ်ဝင်ရောက် တိုက်ခိုက်တာဆိုတော့ စစ်ခွေးတွေဘက်က ၆ ဦးသေတယ်။ တော်လှန်ရေး ရဲဘော်တွေကတော့ အထိခိုက်မရှိ ပြန်လည် စုတ်ခွါနိုင်ခဲ့ပါတယ်” ဟု People Revolution Army -PRA တပ်ဖွဲ့မှ ဗိုလ်ဂျပန်ကြီးကပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွေးချိုရွာ ပျူစောထီးစခန်းနှင့် ပခန်းကြီးရဲစခန်းကို ဝင်ရောက်တိုက်ခိုက် ရာ ရဲမေ တစ်ဦး သေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၃၁ ရက် နံနက် ၅ နာရီခန့်က အဆိုပါ စခန်းနှစ်ခုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များမှ တပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ပခန်းကြီးရဲစခန်းအား သိမ်းပိုက်နိုင်ရန် အနည်း ငယ်သာလိုအပ်ခဲ့ကြောင်း၊ ယင်းစခန်းတိုက်ခိုက်မှုတွင် ရဲမေတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ရဲစခန်းသိမ်းပိုက်နိုင်ဖို့ နည်းနည်းလေးပဲ လိုခဲ့တာ၊ စစ်ခွေးလာမယ့် စစ်ကူလမ်းကြောင်းကို ပဒေသာမိုင်း တွေနဲ့ ဖြတ်တောက်ခဲ့ပေမယ့် စစ်ကူတွေ အများကြီးရောက်လာလို့ ဆုတ်ခွာခဲ့လိုက်ရတယ်၊ ရဲမေ တစ်ဦးသေတာတော့ မျက်မြင်အတည်ပြုလို့ရခဲ့တယ်။ ဂွေးချိုပျူ စခန်းတိုက်ပွဲ ထိခိုက်ကျဆုံးမှုလဲ မသိရသေးဘူး” ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်(ပ.က.ဖ)၊ Salingyi Special Tesk Force(SSTF)၊ မြိုင် ပကဖ တပ်ရင်း ၂ ၊ Myanmar Royal Dragon Army(MRDA) ပခုက္ကူခရိုင်တပ်ရင်း အမှတ် ၉ တို့ပူးပေါင်းကာ တိုက်ခိက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာတွင် ရွေးကောက်ပွဲအတွက် အိမ်ထောင်စု ကောက်ယူပြီး ပြန်လာစဉ် သဖန်းဇင်ကျေးရွာအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဒေါင်းမင်းသား ညီနောင် တပ်ဖွဲ့ ထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၃၀ ရက် မွန်းလွဲ ၁ နာရီခန့်က ရှေ့မှ ဆိုင်ကယ် ၂ စီးဖြင့် လ၀က ၀န်ထမ်း ၄ ဦး၊ ၎င်းနောက်မှ ဆိုင်ကယ် ၁ စီးတွင် စကစ တပ်သား ၂ ဦး မောင်းနှင်ပြီး ရွေးကောက်ပွဲ အတွက် နဂျပ်ကျေးရွာမှ အိမ်ထောင်စု စာရင်း ကောက်ယူပြီး ပြန်လာစဉ် သဖန်းဇင် ကျေးရွာ အရောက်တွင် အဝေးထိန်း မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“ဆိုင်ကယ် ၃ စီးလာတယ်၊ ရှေ့က အရပ်၀တ် လေးယောက်နဲ့ နှစ်စီး၊ နောက်က စစ်သား နှစ်ယောက်နဲ့ တစ်စီး မိုင်းခွဲလိုက်တော့ နောက်ဆုံးက တစ်စီးက မြောက်တက်သွားတယ်၊ ‌ခဏနေတော့ ခွေးကား နှစ်စီး ရောက်လာတယ်၊ ကြံခင်းတွေထဲကို လက်နက်ငယ်တွေနဲ့ ပစ်ထဲ့တယ်” ဟု ဒေါင်းမင်းသား ညီနောင် တပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောဆိုသည်။

ယင်းတိုက်ခိုက်မှုကို ဒေါင်းမင်းသား ညီနောင်တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article