31 C
Yangon
- Advertisement -spot_img

ARCHIVE

Yearly Archives: 2022

ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က ဆက်တိုက် မီးတင်ရှို့နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၈ မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ဂဲပင်အင်းရွာနှင့် ဂွေးဂုံရွာတို့ကို အကြမ်းဖက် စစ်တပ်က ထပ်မံ ရှို့ဖျက်ဆီးနေကြောင်း Pauk Newsletter page ထံမှ သိရသည်။ နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က...

မတ္တရာတွင် စစ်ကြောင်း ထိုးစစ်ဆင်လာသဖြင့် လက်ဗလာဖြင့် ထွက်ပြေးနေ ရသည့် ထောင်နှင့်ချီသော စစ်ဘေးရှောင် ပြည်သူများ စားနပ် ရိက္ခာပြတ် တောက်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၈ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းများက ထိုးစစ်ဆင်လာ၍ လက်ဗလာဖြင့် ထွက်ပြေးနေရသည့် ထောင်နှင့်ချီသော ပြည်သူများ စားနပ် ရိက္ခာ ပြတ်တောက်နေ​ကြောင်း စစ်ရှောင်များအရေး ကူညီစောင့် ရှောက်နေသည့် ဗိုလ်မြေသြဇာက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၂၅ ရက်နေ့၌...

ဖရူဆို မြို့အတွင်း ဝင်ထွက်သွားလာခြင်း ယနေ့မှစ၍ ရက်အကန့်အသတ်မရှိ ယာယီပိတ်ဟု ကရင်နီပြည်နယ်အစိုးရက ကြေညာ

ရန်ကုန် ၊နိုဝင်ဘာ ၂၈ ကရင်နီပြည်နယ် ဖရူဆိုမြို့အတွင်း ပြည်သူများ ဝင်ထွက်သွားလာခြင်းကို နိုဝင် ဘာ ၂၈ ရက်နေ့မှ စ၍ အခြေအနေပေါ်မူတည်ပြီး ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ကရင်နီပြည် အစိုးရက ကြေညာသည်။ လမ်းပိတ်ထားစဉ်အတွင်း ဝင်ထွက်သွားလာခြင်းကို တွေ့ရှိပါက လုံးဝ ခွင့်မပြု ကြောင်းနှင့် သွားလာနိုင်မည့် ရက်ကို...

ထားဝယ်-ပုလောလမ်းတွင် အရပ်သားအယောင်ဆောင် ခရီးသွားနေသည့် စစ်တပ်မှ ဗိုလ်မှူး ဝင်းဌေးနိုင်ကို PDF က ဖမ်းဆီးရမိ၊ ဖမ်းဆီးခံ ဗိုလ်မှူးက သေနတ်ဝင်လု သဖြင့် ကျည်ထိမှန် သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၈ တနင်္သာရီတိုင်း၊ ထားဝယ်-ပုလောကားလမ်းပေါ်တွင် အရပ်သားအယောင် ဆောင် ခရီးသွားနေသည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူး ဝင်းဌေးနိုင် ဖမ်းဆီးခံရပြီး သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ် Dawei Information Center က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။ နိုဝင်ဘာ၂၆ ရက်နေ့ ည ၇ နာရီအချိန် ခရီးသည်တင်ကားတစ်စီးကို...

ကနီမြို့နယ်တွင် အကြမ်းဖက် စစ်အာဏာရှင်တော်လှန်ရေး သပိတ်ချီတက်

ရန်ကုန်၊ နိုဝင်ဘာ ၂၈ စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ၊ မုံရွာ ယာကြီး ကလေးဝကားလမ်း၌ ကျဆုံးခဲ့သော အာဇာနည်ရဲဘော် (၅)ဦး၏(၃) လပြည့် အောက်မေ့ဖွယ်အခမ်းအနားနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို နယ်မြေမငြိမ်သက်ဖြစ်နေသည့်ကြားက နွေဦးတော်လှန်ရေးသပိတ်အင်အားစု (ကနီမြို့နယ်) ပြည်သူများမှ ဦးဆောင်၍ ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့...

ပေါက်မြို့နယ်၊ အောင်စည်သာကျေးရွာကို စစ်တပ်နှင့်ပျူစောထီး ပူးပေါင်း အဖွဲ့ က မီးရှို့ဖျက်ဆီးမှု အိမ်ခြေ ၅၆ လုံး ပြာကျ၊ ကျွဲ၊ နွားနှင့်ဝက်များ မီး လောင် သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၈ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အောင်စည်သာကျေးရွာကို စစ်တပ်နှင့် ပျူစောထီး များ ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးသဖြင့် အိမ်ခြေ ၅၆ လုံးပြာကျသွားပြီး ဝက်၊ကျွဲ၊ နွားများလည်း မီးလောင် သေဆုံးခဲ့ကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ မှ ဗိုလ်လင်္ကျာက ပြောကြားသည်။ နိုဝင်ဘာလ ၂၇...

ထီးချိုင့်မြို့နယ်၊ လေသာကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်

ရန်ကုန်၊ နိုဝင်ဘာ ၂၈ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ လေသာကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီး ကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ် သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။ နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန်...

မင်းအောင်လှိုင် မကွေးရောက်ရှိချိန် တံတားဦးနှင့်မှော်ဘီလေတပ်မှ Yak တိုက် လေယာဉ်များ တောက်လျှောက် ပျံတက်နေပြီး တိုင်းရင်းသားဒေသများ လေ ယာဉ် ဖြင့် ဗုံးကျဲမှု သတိပြုရန်လို

ရန်ကုန်၊ နိုဝင်ဘာ ၂၈ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ နိုဝင်ဘာလ ၂၈ ရက် နေ့ တွင် မကွေးမြို့သို့ ရောက်ရှိနေပြီး ၎င်း မကွေးသို့ ရောက်ရှိနေချိန် တံတားဦး လေတပ်နှင့် မှော်ဘီလေတပ်စခန်းများတွင် Yak-130 တိုက် လေယာဉ် များ တောက်လျှောက်ဆိုသလို ပျံတက်နေကြောင်း...

နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ညှိနှိုင်းပေးမှုဖြင့် စစ်ကောင်စီနှင့်အပစ်ရပ်ခြင်းဖြစ်ကြောင်း AA ပြော

ရန်ကုန်၊ နိုဝင်ဘာ ၂၈ တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ပြည်နယ်တွင် ရခိုင်ပြည်သူများ လူသားချင်းစာနာထောက်ထားအကူအညီများ ရရှိရန်အတွက် ဂျပန်နိုင်ငံမှ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ၏ ကြားဝင်စေ့စပ် ညှိနှိုင်းပေးမှုအရ အပစ်အခတ်ရပ် စဲလိုက်ကြောင်း ရက္ခိုင်တပ်တော် AA မှ ပြောခွင့်ရပုဂ္ဂိုလ်ခိုင်သုခက ပြောသည်။ ရခိုင်ပြည်သူများ၏ လက်ရှိ အကျပ်အတည်းကို သက်သာစေရန် ပြည်သူကိုရှေးရှုပြီး...

khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ -အကြမ်းဖက်စစ်ကောင်စီတပ်က ရန်ကုန်ခေတ်သစ်မှာ တိုက်လေယာဉ်သတင်းပေါက်ကြားမှု အတွက် ဆိုပြီး ၊နမ့်ဆမ်လေတပ်အရာရှိတွေ စစ်ဆေးခံနေရတယ်လို့ လေတပ်သတင်းရင်းမြစ်ကနေ...

Latest news

- Advertisement -spot_img