30 C
Yangon

ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က ဆက်တိုက် မီးတင်ရှို့နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၈

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ဂဲပင်အင်းရွာနှင့် ဂွေးဂုံရွာတို့ကို အကြမ်းဖက် စစ်တပ်က ထပ်မံ ရှို့ဖျက်ဆီးနေကြောင်း Pauk Newsletter page ထံမှ သိရသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ဂဲပင်အင်း ကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင် ဂွေးဂုံကျေးရွာကို ထပ်မံ မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

” ဂဲပင်အင်းကျေးရွာကို မီးရှို့သွားတဲ့ စစ်ခွေးတွေ ဂွေးဂုံကျေးရွာကိုအခု ထပ်ရှို့နေတယ်။ ရွာလုံးကျွတ်ကို ပြေးနေရတယ် ဘယ်သူတွေ ဖမ်းဆီးခံရပြီး ဒဏ်ရာရတယ်ဆိုတာလည်း မသိရသေးဘူး။ ပြေးနေရတုန်း အတည်မပြာနိုင်သေးဘူး” ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article