34 C
Yangon

ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအုပ်စု၊ တိုက်ကုန်းရပ်ကျေးရွာကို စစ်တပ် က ရွာလုံးကျွတ် ထပ်မံ မီးရှို့ဖျက်ဆီးနေ

Must read

ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအုပ်စု၊ တိုက်ကုန်းရပ်ကျေးရွာကို စစ်တပ် က ရွာလုံးကျွတ် ထပ်မံ မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအုပ်စု၊ တိုက်ကုန်းရပ်ကျေးရွာကို စစ်တပ် က ယနေ့ နံနက်ပိုင်းတွင် ရွာလုံးကျွတ် ထပ်မံ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၇ နာရီ ၅၅ မိနစ်အချိန်တွင် စစ်တပ်က တိုက်ကုန်းရပ်ကျေးရွာကို မီးရှို့နေခြင်းဖြစ်ပြီး မီးညွန့် မီးတောက်များကို အဝေး မှ ပင် မြင်နိုင်ကြောင်း ဒေသပြည်သူများက ဆိုကြသည်။

“မိုးတားလေးနားမှာ တိုက်ပွဲတွေဖြစ်ကတည်းက အနားက ရွာတွေကို လေ ယာဉ်နဲ့ပစ်လိုက် မီးရှို့လိုက် စစ်တပ်က လုပ်နေတာ။ ဒီနေ့တော့ တိုက်ကုန်း ရပ်ကျေးရွာတွေအားလုံး ကုန်ပြီထင်တယ်။ မီးတောက်တွေတောင် မြင်ရတယ်။ အခြေအနေကတော့ ဆိုးတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအုပ်စုရှိ ကျေးရွာများ အနီး တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်တပ်က မီးရှို့ ဖျက်ဆီးမှုများ ဆက်တိုက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်မှစတင်ပြီး ကသာမြို့ နယ်၊ မိုးတားလေးကျေးရွာအုပ်စု၊ တိုက်ကုန်းရွာနှင့် ဆင်ကုန်းတိုင်ရွာ အကြားရှိ ဆိပ်သာ ဘုရားအနီးတွင် ​ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်​ကောင်စီ လက် အောက် ခံတပ်များ အကြား ၃ ရက်မြောက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပြည်သူ့ ကာ ကွယ် ရေးတပ်များက မြေပြင်အသာစီးရယူ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

သို့ရာတွင် ယင်းနေ့ နံနက် ၉ နာရီ ၂၀ မိနစ် အချိန် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီးဖြင့် ၃ ကြိမ် ၊ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်ဂျက်ဖိုက်တာ ၁ စီး ဖြင့် ၂ ကြိမ် ၊ ယင်းနေ့ မွန်းလွဲ ၂ နာရီအချိန် ရဟတ်ယာဉ် ၃ စီးဖြင့် ၄ ကြိမ် စစ်ကူများ ချပေးခြင်း၊ ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းအပြင် ကင်း ထောက် လေယာဥ် ၁ စီးပါ ပျံဝဲပြီး ယင်းနေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ် အချိန် ဂျက်ဖိုက်တာ ၁ စီးက တိုက်ကုန်းရွာဦးဘက်သို့ ဗုံးကျဲခြင်း ပစ်ခတ် ခြင်းများ ၂ ကြိမ် ပြုလုပ်ခဲ့သဖြင့် နေအိမ် ၁ လုံး ချက်ချင်းမီးလောင် သွား ကြောင်း၊ ဇန်န ဝါရီလ ၂၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ဂျက်လေယာဥ် ဖြင့် ဗုံးကျဲရာ ကသာမြို့နယ် နမ့်စမ်းစာသင်ကျောင်း ပျက်စီး ထိခိုက် သွား ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်အချိန် ကသာမြို့နယ်၊ မိုးတား လေးကျေးရွာ အုပ်စု ဆိပ်သာဘုရားကုန်းမှ စစ် ကြောင်းက တိုက်ကုန်းရွာမှ နေ အိမ် ၁၄ လုံးကို မီးရှို့ခဲ့ပြီး မိုးတားလေးဘက်သို့ ထွက်ခွာလာကြောင်း၊ မိုးတား လေး ကျေးရွာ အုပ်စု တိုက်ကုန်းရပ်မှ အဆောက်အဦး မျိုးစုံ ၁၅ လုံးမှာလည်း စစ်တပ်၏ မီးရှို့မှု ခံခဲ့ရ ကြောင်း သိရှိရသည်။

လက်ရှိတွင် မိုးတားလေးကျေးရွာအုပ်စုမှ ပြည်သူများအားလုံး စစ်တပ်၏ စစ် ကြောင်း ထိုးမှုကြောင့် တောတောင်များထဲတွင် ထွက် ပြေးတိမ်းရှောင် နေရ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article