36 C
Yangon

ကော့ကရိတ်၊ ကျုံဒိုးမြို့တိုက်ပွဲတွင် DKBA ပါဝင်တိုက်ခိုက်ပြီး စစ်ကောင်စီ ဘက်မှ ၉၀ ကျော် သေဆုံး ကာ ပြည်သူ့ဘက်တော်သား ၃ ဦးကျဆုံး၊ စစ်သား များ ခွေးပြေးဝက်ပြေး ထွက်ပြေးဟုဆို

Must read

ကော့ကရိတ်၊ ကျုံဒိုးမြို့တိုက်ပွဲတွင် DKBA ပါဝင်တိုက်ခိုက်ပြီး စစ်ကောင်စီ ဘက်မှ ၉၀ ကျော် သေဆုံး ကာ ပြည်သူ့ဘက်တော်သား ၃ ဦးကျဆုံး၊ စစ်သား များ ခွေးပြေးဝက်ပြေး ထွက်ပြေးဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တိုက်ပွဲတွင် DKBA ပါဝင်တိုက် ခိုက် ပြီး စစ်ကောင်စီဘက်မှ ၉၀ ကျော်သေဆုံးကာ ပြည်သူ့ဘက်တော်သား ၃ ဦးကျဆုံးကြောင်း Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော် အညာသားက ရန်ကုန် ခေတ်သစ် သတင်းဌာန ထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့တွင်ကျုံဒိုးမြို့အနီးရှိ ကော့ကျိုက်၊ အံဂလုံနှင့် ကမ်းနီ စံပြ ကျေးရွာများအတွင်းသို့ ကျုးကျော်ဝင်ရောက်တပ်စွဲလာသော အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ၄၄ လက်အောက်ခံတပ်များ ၊ အရှေ့တောင်ပိုင်းတိုင်း လက် အောက်ခံတပ်များအင်အား ၁၅၀ ခန့်ရှိသောစစ်ကြောင်းကို KTL Army ၏ ဗျူဟာမှူး ဗိုလ်အယ်စေးဝါး ဦးဆောင်သော Lion Battelion Commando – ဗျူဟာစစ်ကြောင်း၊ KNU/ KNDO အမှတ် ၆ တပ်ရင်း၊ ဂဠုန်စစ်ကြောင်း နှင့် DKBA စစ်ကြောင်းများပူးပေါင်းကာ ဇန်နဝါရီလ ၂၆ ရက်နေ့အထိ အပြင်း အထန် ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သား ၉၀ ကျော်သေ ဆုံးပြီး အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိသူ ၅၀ ကျော်ရှိကြောင်း၊ ကမ်းနီစံပြ ကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၅၄၅ ၊၅၄၆ အမြောက် တပ်မှ လက်နက်ကြီးအကြိမ်ရေပေါင်း ၂၀၀ ကျော်ပစ်ခတ်ခဲ့သည့်အပြင် လေ ကြောင်းမှ တိုက် လေယာဉ် ၊ Mi 35 လေယာဉ်များဖြင့် ၁၀ ကြိမ်ထက် မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်၊ လေကြောင်းမှ ဗုံးကြဲ တိုက် ခိုက် မှုကြောင့် နေအိမ် ၅ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး KNDO အမှတ် ၆ တပ် ရင်းမှ တပ်ခွဲမှုးဗိုလ်စောလင်းဌေးနှင့် ရဲဘော် ၂ ဦး တိုင်းပြည်နှင့် လူမျိုး အတွက် အသက်ပေးလှူခဲ့ရကြောင်း သိရှိရသည်။

“ဒီပွဲမှာ စစ်ခွေးတွေက ခွေးပြေးဝက်ပြေးပြေးရတာ။ ဒီပွဲမှာ DKBA နဲ့ ကရင်တပ် တော်တော်များများပါတယ်” ဟု ရဲဘော်အညာသားက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article