28 C
Yangon

ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီတပ်များ မကြာခဏ အသုံးပြု ဝင်ရောက် နေသည့် ဒါလီချောင်းကူး တံတား ၂ ကြိမ် မိုင်းခွဲခံရပြီးနောက် လုံး၀ ပြိုကျ ပျက်စီး သွား

Must read

ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီတပ်များ မကြာခဏ အသုံးပြု ဝင်ရောက် နေသည့် ဒါလီချောင်းကူး တံတား ၂ ကြိမ် မိုင်းခွဲခံရပြီးနောက် လုံး၀ ပြိုကျ ပျက်စီး သွား

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီတပ်များ မကြာခဏ အသုံး ပြု ဝင်ရောက်နေသည့် ဒါလီချောင်းကူးတံတား လုံး၀ ပြိုကျ ပျက်စီး သွား ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၈ နာရီအချိန် ဒါလီချောင်းတံတား ပထမအကြိမ် မိုင်းခွဲခံရကြောင်း၊ ပထမအကြိမ် မိုင်းခွဲစဉ်က တံတားကို ကားကြီးများသာ သွား လာမရတော့ဘဲ ကားငယ်များနှင့် ဆိုင်ကယ်များ သွားလာ၍ ရသေးကြောင်း၊ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၂ နာရီကျော်အချိန်တွင် ဒုတိယအကြိမ် မိုင်းခွဲ ခံရ ပြီး တံတား လုံး၀ ပြိုကျပျက်စီးသွားကြောင်း သိရှိရသည်။

“ဒါလီချောင်းတံတားက စစ်တပ်တွေ မကြာခဏ ဝင်လို့ ပစ်ခတ်မှုတွေ ခဏခ ဏ ဖြစ်တယ်။ ၂၀၂၁ ဒီဇင်ဘာတုန်းကလည်း ဒါလီတံတားနားကနေ ဝင်လာပြီး တော့ သံပုရွာအနားမှာ တိုက်ပွဲကြီး ဖြစ်ခဲ့သေးတယ်။ အဲဒီတံတားဘက်ကနေ တောက်လျှောက် စစ် ကြောင်း ဝင်တာတွေများတယ်။ ဒီနေ့တော့ လုံး၀ ပြိုကျ သွားပြီ။ ကျနော်တို့ ပြည်သူတွေကတော့ အောင်ချမ်းသာဘက်က လှည့်ပတ် သွားလို့ရတယ်။ ကုန်ကားတွေနဲ့ စစ်ခွေးတွေအတွက်တော့ ခက်သွားတာပေါ့” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

ဒါလီချောင်းတံတားသည် ကြာအင်းဆိပ်ကြီးမြိုနယ်၊ ကြာအင်းဆိပ်ကြီး-ချောင်း နှစ်ခွ ကားလမ်း မိုင်တိုင်အမှတ် 9 KM နှင့် 10 KM အကြားတွင်ရှိပြီး သံဘောင် အရှည် ၁၈၈ ပေ၊ အကျယ် ၁၆ ပေ၊ အောက်ခံ သံကူ ကွန်ကရစ်အမျိုးအစား တံ တား ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဒုတိယအကြိမ် မိုင်းခွဲခံရပြီးနောက် ဒါလီချောင်းတံတား လုံး၀ ပြိုကျ ပျက်စီးသွားပုံနှင့် ပထမအကြိမ် မိုင်းခွဲခံရစဉ်က တံတား ကြမ်းခင်း ပေါက်ပြဲ နေပုံ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article