36 C
Yangon

စစ်ကိုင်းနှင့် မကွေးတွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၄၀ ဦးသေဆုံး

Must read

စစ်ကိုင်းနှင့် မကွေးတွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၄၀ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၊ ဘုတလင်မြို့နယ်နှင့် မကွေးတိုင်း မြိုင်မြို့နယ်၊ ရေစကြိုမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်က ၄၀ ဦးသေဆုံးကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

အရာတော်၊ သလဲဘာပျူစောထီးရွာကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃၀ ဦးသေဆုံး

=====================================

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် သလဲဘာပျူစောထီးရွာကို တော်လှန်ရေး တပ်ပေါင်းစုများက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၃၀ ဦးသေဆုံးကြောင်း စစ်ကိုင်းခရိုင် အမှတ် ၁ တပ်ရင်းထံမှ သိရသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့မှ မွန်းလွဲ ၃ နာရီခန့်က စတင်ကာ အရာတော်မြို့နယ်၊ သလဲဘာပျူစောထီးရွာကို ဒေသခံ တော်လှန်ရေး တပ်ဖွဲ့များနှင့် မဟာမိတ် တပ်ပေါင်းစုများက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၇ နာရီကြာတိုက်ပွဲဖြစ်ပွားကာ စစ်သား ၈ ဦး အပါအဝင် ပျူစောထီး ၃၀ ဦးသေဆုံးကြောင်း သိရသည်။

အဆိုပါ သလဲဘာပျူစောထီးရွာသည် စစ်ကောင်စီ အလိုကျ အကြမ်းဖက် လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်း၊ ပတ်ဝန်းကျင်ကျေးရွာများမှ သလဲဘာပျူစောထီး ကျေးရွာ၏ အဓမ္မအနိုင်ကျင့်မှုများ ပြည်သူများ၏ နွား၊ သိုး၊ ဆိတ်များကို အတင်းဝင်ရောက် ခိုးယူခြင်း၊ ဓါးမြတိုက်ခြင်းများကို ပြုလုပ်နေသော​ ကျေးရွာသောကြောင့် PDF တပ်ဖွဲ့များကို ပြည်သူများက အဆိုပါ ကျေးရွာအား နှိမ်နင်းပေးရန် အကြိမ်ကြိမ် တောင်းခံခဲ့ကြောင်း သိရှိရသည်။

ယင်းတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် အမှတ် ၁ တပ်ရင်းနှင့် မဟာမိတ်များ ဖြစ်သော စစ်ကိုင်းခရိုင် အမှတ် ၂ တပ်ရင်း၊ မြင်းခြံ Zero ပျောက်ကြား တပ်ဖွဲ့၊ GTR မြင်းမူ၊ Zero power မြင်းမူ ပြည်သူ့ညီညွတ်ရေး တပ်ပေါင်းစု မော်ကွန်းသစ် (PLA)၊ MG ဆားတောင် မိုးကြိုး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ မုံရွာခရိုင်အမှတ် ၆ တပ်ရင်း၊ မုံရွာခရိုင် အမှတ် ၂၁ တပ်ရင်း၊ ရွှေဘိုခရိုင်အမှတ် ၁ တပ်ရင်း၊ ကျားသစ်ပျောက်ကြား တပ်ဖွဲ့နှင့် သက်ဆိုင်ရာ ပကဖများ၊ LDF များ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြိုင်တွင် စစ်တပ် တပ်စွဲထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

=================================

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကံသစ်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးဒဏ်ရာရခဲ့ကြောင်း မြိုင်ပကမှ ဗိုလ်လက်ျာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ဇန်နဝါရီလ ၂၈ ရက် နံနက် ၇ နာရီ မိနစ် ၅၀ ခန့်တွင် ကံသစ်ကျေးရွာ၌ အခြေပြုထားသော အ ကြမ်းဖက်စစ်သားများကို အီနာဂါဗုံးသီး ၁၈ လုံးဖြင့် ကြဲချပြီးနောက် ၎င်းရွာမှ ထွက်ခွာလာသော အ ကြမ်းဖက် စစ်တပ်သည် ဘူတာအနီးရှိ တဲအား မီးရှို့ပြီး ထွက်ခွာလာစဉ် မိုင်းပွိုင့် (၂)ပွိုင့်၊ မိုင်း ၁၁ လုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ကံသစ်ကျေးရွာကနေ ဖလံကိုင်းကျေးရွာဘက်ကို ဆက်ထွက်လာတဲ့ စစ်ကြောင်းကို ဒရုန်းနဲ့ရော မိုင်းရော အသုံးပြုပြီးတိုက်ခိုက်ခဲ့တာ၊ စစ်ခွေး ၃ ကောင် ထိတာဒဏ်ရာတာပဲ အတည်ပြုနိုင်သေးတယ်၊ တခြားထိခိုက်သေဆုံးပျက်စီးမှု အတည်မပြုနိုင်သေးဘူး၊ စစ်ခွေးတွေ ညနေ ၄ နာရီ မိနစ် ၄၀ မှာ ဖလံကိုင်းရွာကိုရောက်ပြီး ဘုန်းကြီးကျောင်းမှာ အခြေပြုထားတယ်လို့ သိရတယ်” ဟု ဗိုလ်လက်ျာက ပြောဆိုသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု အတည်မပြုနိုင်ပဲ Faw ကားနှင့် စစ်ကြောင်းမျာ းမှာ တဖြည်းဖြည်း ထပ်မံရွေ့လျားလာခဲ့ပြီး ဖလံကိုင်းရဲစခန်းမှ စစ်သား၊ ရဲ ၂၀ ကျော်မှ လည်း လာ ရောက်ကြိုဆိုခဲ့ရာ ကျောက်တိုင်ခင်ကျေးရွာလမ်းခွဲ ဇရပ်အနီးတွင် ဒရုန်းဖြင့် အီနာဂါဗုံးသီး ၃ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ စစစ်သား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြိုင်ပကဖတပ်ရင်း ၁ နှင့်ပေါက်မြို့နယ် ကျေးရွာကာကွယ်ရေးဖွဲ့များ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေစကြိုတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ၆ ဦးသေဆုံး

================================

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ထန်းတိုကုန်းကျေးရွာနှင့် ဘောင်ဘဲ့တန်းကျေးရွာကြားတွင် အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၂၈ ရက် နေ့လည် ၁၁ နာရီခန့်က ရေစကြိုမြို့နယ်၊ ရှင်မတောင်ပေါ်မှ ထော်လာဂျီ ဖြင့် ဆင်းလာသော အင်အား ၆၀ ခန့်ရှိ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို လက်နက်ကြီးလက်နက် ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေတပ်ဖွဲ့-ရေစကြို(ပ.က.ဖ)၊ ပခုက္ကူခရိုင်တပ်ရင်းအမှတ် (၉)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြိုင် တပ်ရင်း ( ၂ )၊လျှပ်စီးပျောက်ကြားတပ်ဖွဲ့ သံမဏိသိန်းငှက်ပျောက် ကြားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်များ အထိခိုက်မရှိပြန် လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

ဘုတလင်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

===============================

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ပိုးဇရပ်ကုန်းအနီးတွင် လွန်ခဲ့သည့် ၄ လခန့်က ထောင်ထားသော မိုင်း များဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Chindwin Brothers PDF မှတာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက် နံနက် ၈ နာရီခွဲခန့်က ဘုတလင်မြို့နယ်၊ ကံသစ်ရွာမှ မုံရွာမြိုသို့ မုံရွာ- ဘုတလင်လမ်းအတိုင်း ထွက်ခွာလာသော အကြမ်းဖက်စစ်ကြောင်းကို လွန်ခဲ့သည့် ၄ လခန့်က ထောင် ထားသောမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး ယင်းသေဆုံးစစ်သားအလောင်းများကို သားပြေးကျောက် တောင် အနားရှိ စစ်ခွေး သင်္ချိုင်းတွင် ချက်ချင်း မြေမြှုပ်သွားကြောင်း သိရသည်။

“လွန်ခဲ့တဲ့ ၄ လ လောက်က ဇီးတောရွာနဲ့ ထနောင်ကုန်းရွာကြားမှာ မိုင်း ၁၀ လုံး ခင်းပြီး စောင့်ခဲ့တာ၊ အခါအခွင့်မသင့် မတိုက်ခိုက်ခဲ့ရပေမယ့် ဆက်စောင့်ပြီးတော့ မနေ့က(ဇန်နဝါရီလ ၂၇ ရက်) မိုင်း ကွင်းရဲ့ အရှေ့မြောက်ဘက် ပိုးကုန်းဇရပ်နားမှာ ထပ်ပြီးမိုင်းကွင်းလုပ်စောင့်နေတုန်း နမခကို ထွက် လာတဲ့ စစ်ခွေးတွေနဲ့တည့်တည့်တိုးတာပါ” ဟု Chindwin Brothers PDF မှတာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ကျောင်းသားတပ်တော်မှ လက်နက်ငယ်များဖြင့် ကာပေးခြင်း၊ မြို့နယ်ပကဖ အဖွဲ့မှ လက်နက်ကြီးများဖြင့် ကာပေးခြင်းလုပ်ဆောင်ကာ ပြောက်ကျားတပ်သားများ ဆုတ်ခွာခဲ့ ကြောင်း၊ ယင်းတိုက်ခိုက်မှုကို Anonymous Heros ၊ Chindwin Brothers PDF ၊ ချိုမိုင်မိုင် ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစုနှင့် ကျောင်းသားတပ်တော်- Student’s Army Force အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article