36 C
Yangon

ပစ်ခတ်ခံရပြီး သေဆုံးသွားသော လှိုင်သာယာ ရပ်ကွက် ၂၀ အုပ်ကြီးနေရာတွင် စစ်မှုထမ်းဟောင်း သန့်ဇင် ယာယီ အုပ်ချုပ်ရေးမှူးဖြစ်လာ၊ အုပ်ချုပ်ရေးမှူးမှန်သမျှ လက်ဖက်ရည်ဆိုင်မထိုင်ရ၊ တစ်ဦးတည်း မသွားလာရဟု စစ်တပ်က အမိန့်ထုတ်

Must read

ပစ်ခတ်ခံရပြီး သေဆုံးသွားသော လှိုင်သာယာ ရပ်ကွက် ၂၀ အုပ်ကြီးနေရာတွင် စစ်မှုထမ်းဟောင်း သန့်ဇင် ယာယီ အုပ်ချုပ်ရေးမှူးဖြစ်လာ၊ အုပ်ချုပ်ရေးမှူးမှန်သမျှ လက်ဖက်ရည်ဆိုင်မထိုင်ရ၊ တစ်ဦးတည်း မသွားလာရဟု စစ်တပ်က အမိန့်ထုတ်

ရန်ကုန်၊ ဒီဇင်ဘာ ၃

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲထွန်းဦး ပစ်ခတ်ခံရပြီး သေဆုံး သွားပြီးနောက် စစ်မှုထမ်းဟောင်း သန့်ဇင်ကို ယာယီခန့်အပ်လိုက်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီ အုပ်ချုပ်ရေးမှူး ရဲထွန်းဦးသည် လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ၊ ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့တွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။

“ရဲထွန်းဦး သေပြီး ယာယီအုပ်ချူပ်ရေးမူးက အပိုင်း ၃က သန့်ဇင် လုပ်နေတယ်။ သူလည်းနာမည်ဆိုးနဲ့ ကျော် ကြား သူပဲ။ သူကစစ်မူထမ်းဟောင်းကပါ။ သူက ၁၈ရပ်ကွက် မှာ နေ့တိုင်းလိုလို ဖဲကစားတယ်။ စစ်တပ်ကအရာရှိတွေအုပ်ချုပ်ရေးမှူးတွေရယ်၊နယ်ထိန်းရဲတွေနဲ့ကစားကြတာ။ ယာယီအုပ်ချုပ် ရေးမှူးအဖြစ် သူ့ကို စစ်တပ် ဗျူဟာမူးကလုပ်ခိုင်းတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

လက်ရှိ ရန်ကုန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် လက်ဖက်ရည်ဆိုင် မထိုင်ရန်၊ တစ်ဦးတည်းသွားလာခြင်း မလုပ်ရန်နှင့် လုံခြုံရေးအတွက် အထူးလျှို့ဝှက်စွာ နေထိုင်ကြရန် စစ်ကောင်စီဘက်က နှုတ်မိန့်ဖြင့် ညွှန်ကြား ချက် ထုတ်ပြန်ထားကြောင်း သိရှိသည်။

“ရပ်ကွက်လူကြီးတွေ အပြင်သွားရင် တစ်ဦးတည်းမသွားရဘူး။ လက်ဖက်ရည်ဆိုင် မထိုင်ရဘူး။ ဖြစ်နိုင်ရင် ရွှေ့ပြောင်းအိပ်ခိုင်းတယ်။ ရဲစခန်းနဲ့ စစ်တပ်တပ်စွဲနေရာတွေမှာ လိုအပ်ရင် လာအိပ်လို့ရတယ်ဆိုပြီး နှုတ်မိန့်နဲ့ ညွှန်ကြားချက်တွေ ပေးနေပါတယ်” ဟု စမ်းချောင်းမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article