33 C
Yangon

ပုသိမ် အကျဥ်းထောင်တွင် နိုင်ငံ​ရေးအကျဥ်သားကိုဝေယံဖြိုးကို စစ်တပ်က ပစ်သတ်၊ နိုင်ငံ​ရေးအကျဥ်းသား ၆ ဦးကျည်ထိမှန်ကာ ၄ ဦးစိုးရိမ်ရ

Must read

ပုသိမ် အကျဥ်းထောင်တွင် နိုင်ငံ​ရေးအကျဥ်သားကိုဝေယံဖြိုးကို စစ်တပ်က ပစ်သတ်၊ နိုင်ငံ​ရေးအကျဥ်းသား ၆ ဦးကျည်ထိမှန်ကာ ၄ ဦးစိုးရိမ်ရ

ရန်ကုန်၊ ဇန်နဝါရီ ၆

ဧရာဝတီတိုင်း၊ ပုသိမ် အကျဥ်းထောင်ကို စစ်တပ်နှင့် ရဲတပ်ဖွဲ့များ ဝင်ရောက်ပစ်ခတ်မှု ကိုဝေယံဖြိုး (ခေါ်) မဲကြီး သေဆုံးပြီး ၆ ဦးကျည်ထိမှန်ကာ ၄ ဦးစိုးရိမ်ရကြောင်း ပုသိမ် အကျဥ်းဦးစီးနှင့် ပတ်သက်ဆက်နွယ်သူများထံမှ သိရသည်။

ဇန်နဝါရီလ ၅ ရက်နေ့ ညပိုင်းတွင် ကိုဝေယံဖြိုး (ခေါ်) မဲကြီး ထံမှ ဖုန်း ၁ လုံး သိမ်းဆည်းရမိသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ကိုဝေယံဖြိုးကို အကျဥ်းဦးစီး ဝန်ထမ်းများက ခေါ်ဆောင်သွားပြီးနောက် ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် အကျဥ်းသားများက ကိုဝေယံဖြိုးကို ပြန်လွှတ်ပေးရန် တောင်းဆိုရာမှ ထောင်ဆူမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထောင်ဆူမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပုသိမ်မြို့မ ရဲစခန်းမှ ရဲများနှင့် နယ်မြေခံ ရဲများက အကျဥ်းထောင် အတွင်းဝင်ရောက်လာကာ ပစ်ခတ်မှု ပြုလုပ်ခဲ့ပြီး အကျဥ်းသား ၆ ဦး ကျည်ထိမှန်ခဲ့ကာ ၄ ဦး ဒဏ်ရာပြင်းထန်​ပြီး ကိုဝေယံဖြိုး (ခေါ်) မဲကြီးသည် ဦးခေါင်းကို ကျည် ၃ ချက် ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ကိုဝေယံဖြိုးသည် နိုင်ငံရေး အကျဥ်းသားဖြစ်ပြီး ချောင်းသာမှ Hotel လုပ်ငန်း လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲများပစ်ခတ်မှုကြောင့် ပုသိမ် အကျဥ်းထောင်မှ နိုင်ငံရေး အကျဥ်းသား ကိုစိုးယုကျော်၊ ကိုဝေဇော်လတ်၊ ကိုအောင်ထွန်းမြင့်၊ ကိုကျော်ရဲအောင်၊ ကိုရဲသွေးနီနှင့် အမည်မသိ ၁ ဦးတို့ ကျည်ထိမှန်ပြီး ၎င်းတို့ အားလုံးကို ပုသိမ်ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရ​ကြောင်း သိရသည်။

“​ထောင်ဒဏ် ၂၈ နှစ် အမိန်ချခံထားရတဲ့ ကိုဝေယံဖြိုးဆီက ဖုန်းမိလို့ဆိုပြီး ခေါ်ရိုက်နှက်ကြတယ်။ ဒီနေ့ နံနက်ထိ ပြန်မပို့လို့ နိုင်ကျဉ်းတွေက ပြန်လွှတ်ပေးပို့ တောင်းဆိုရာကနေ ပုသိမ်မြို့မ ရဲစခန်းက ရဲတွေနဲ့ နယ်မြေခံ ရဲတွေက ထောင်ထဲဝင်ပစ်တာ ကိုဝေယံဖြိုးက နဖူးကို ကျည် ၃ ချက် ပစ်ခံရတယ်။ ဒီနေ့က ထောင်ဝင်စာပို့ရက်ပါ။ ရဲတွေပစ်လို့ ထိထားတာက ၆ ဦးပါ ၄ ဦးက စိုးရိမ်ရပါတယ်။ ၂ ဦးကတော့ သိပ်မစိုးရိမ်ရဘူး” ဟု ပုသိမ် အကျဥ်းဦးစီးနှင့် ပတ်သက် ဆက်နွယ်သူက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article