34 C
Yangon

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားသစ်နက် စစ်ကြောင်း သင်တန်းဆင်းပွဲ ကျင်းပပြီး စွမ်းရည် ပြသမှုနှင့် လက်နက်များ ပေးအပ်မှု ပြုလုပ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၅

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ် ရေး တပ်မတော်၊ ကျားသစ်နက်စစ်ကြောင်း သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကျင်းပ ပြီး စွမ်းရည် ပြသမှုနှင့် လက်နက်များ ပေးအပ်မှု များ ပြု လုပ်ခဲ့ကြောင်း တရားဝင်သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် (၃) ရှိ ပြည်သူ့ ကာကွယ်ရေးတပ်မတော် ကျားသစ်နက်စစ်ကြောင်း၏ မွမ်းမံသင်တန်း ဆင်းပွဲ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ် ဒေသခွဲ အမှတ် (၃) မှ ဒု-စစ်ဒေသမှူး စောရှားနှင့် တာဝန်ရှိသူများ တက် ရောက် ခဲ့ကြောင်း၊ အစီအစဥ်အခမ်းအနား (၃) ရပ်ဖြင့် ကျင်းပခဲ့ပြီး သင်တန်း ဆင်း ရဲဘော်များက သင်တန်းကွင်းတွင် ချီတက်နေရာယူကာ အလေးပြု သစ္စာ ဆိုခြင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ပေးပို့သည့် သဝဏ်လွှာနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ပေးပို့သည့် သဝဏ်လွှာများကို ဖတ်ကြားပြီးနောက် သင်တန်းဆင်းရဲဘော်များက စစ် ကြောင်း ပုံစံဖြင့် အလေးပြုခဲ့ကြောင်း သိရှိရသည်။

သင်တန်းဆင်းပွဲတွင် ကျားသစ်နက်စစ်ကြောင်း၏ မွမ်းမံသင်တန်း ဆင်းရဲ ဘော် များမှ လက်နက်ကိုင်တွယ် ဖြုတ်တတ်မှုများ၊ ပစ္စတို ပစ်ခတ်စဥ်များ၊ အခြေခံ ကိုယ်ခံပညာ တိုက်ကွက်များ၊ Closed Quarter Battle ဖြင့် SQUAD အလိုက် လှုပ်ရှားမှု ပစ်ခတ်စဥ်များ၊ လက်နက်အရှည်အသုံးပြုကာ ရွေ့လား ပစ်ခတ်စဥ်များ၊ VIP ကာကွယ်မှု သက်တော်စောင့်များ၏ ဗျူဟာများ နှင့် စစ်ပွဲ အတွင်း အရေးပေါ်အခြေအနေများတွင် လူနာသယ်ယူရန် နည်းလမ်းများ နှင့် ကြိုးဆင်း ပစ်ခတ်စဥ်များ အစရှိသည်တို့ကို လေ့ကျင်ရေးပြည့်ဝနေသော မွမ်းမံ သင်တန်းဆင်းရဲဘော်များမှ သရုပ်ဖော်ပြသခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article