36 C
Yangon

မင်းကင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး၊ ပေါက်တွင် စစ်တပ် စစ်ဆေးဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

မင်းကင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး၊ ပေါက်တွင် စစ်တပ် စစ်ဆေးဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Student Revolutionary Force SRF တပ်ဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီ ၁ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်တွင် မင်းကင်းမြို့မှ အင်အား ၈၀ ခန့်ဖြင့် လက်ပံဆိပ်ကျေးရွာသို့ မော်တော်ဖြင့် စစ်ကြောင်းထိုးလာပြီး ပြည်သူပိုင် စပါးကျည်များကို မီးရှို့နေစဥ် SRF တပ်ဖွဲ့က မော်တော်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က မတောကျေးရွာကို ထပ်မံ မီးရှို့နေစဉ် SRF တပ်ဖွဲ့မှ ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားကာ စစ်သား ၂ ဦးသေဆုံးပြီး PDF ရဲဘော် မီးခဲ ကျဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၄၀ မမ၊ RPG၊ စက်လက်များဖြင့် အဆက်မပြတ် တိုက်ခိုက်ခဲ့သောကြောင့် လက်နက် အင်အား မမျှတသောကြောင့် PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း Student Revolutionary Force SRF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကိုင်းလယ်ရဲစခန်းနှင့် တပ်ကုန်းရွာသစ်(ပျူရွာ)ကြားတွင် ဂိတ်ချစစ်ဆေးနေ သော ရဲနှင့်ပျူစောထီးများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံးသွားကြောင်း Pauk Revolution Front မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၁ ရက် မွန်းတည့် ၁၂ နာရီအချိန်က လမ်းမပေါ်တွင် ဂိတ်ချထားသော ရဲနှင့် ပျူစော ထီး အဖွဲ့အား စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ နေရာမှာပင် ပွဲချင်းပြီးတစ်ဦးသေဆုံးသွားကြောင်း၊ အကြမ်းဖက် စစ်တပ်လက်အောက်ခံ ရဲနှင့်ပျူစောထီးများမှ သေနတ်များဖြင့် ပြန်လည်ပစ်ခတ်ကာ ၆၀ မမ ဖြင့် ပြန် လည်ပစ်ခတ်သဖြင့် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“သူတို့နယ်မြေ ဆိုတော့ ၃ ယောက်လောက်နဲ့ လမ်းပေါ်တက်ဂိတ်ချ ဆတ်ကြေးကောက်နေတာ၊ အပိုင် တစ်ကောင်ရအောင်ပစ်ခဲ့တာ၊ ၆၀ မမနဲ့က နှစ်ပြန်ထုတယ်၊ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ပါတယ်”ဟု Pauk Revolution Front မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောဆို သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article