36 C
Yangon

ဟုမ္မလင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပြီး စစ်တပ်ဘက်မှ ၈ ဦးထက်မနည်း သေဆုံး၊ အလောင်း များ နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Must read

ဟုမ္မလင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပြီး စစ်တပ်ဘက်မှ ၈ ဦးထက်မနည်း သေဆုံး၊ အလောင်း များ နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်း ဟုမ္မလင်းတွင် စစ်တပ်ဂိတ်ကို ဝင်ရောက်စီးနင်းပြီးနောက် တိုက် ပွဲများ ဆက်တိုက်ဖြစ်ပွားကာ စစ်တပ်ဘက်မှ ၈ ဦးထက်မနည်း သေဆုံး၊ အ လောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့HPDF124 တပ်ရင်းက ပြောသည်။

ဇန်နဝါရီလ ၅ ရက်နေ့၊ နံနက် ၅ နာရီအချိန် ဟုမ္မလင်းမြို့နယ်၊ နတ်နန်း မှော် ဈေး တန်းဂိတ်ကို စစ်တပ်နှင့် ၎င်း၏လက်ဝေခံ SNA တပ်များက ပူးပေါင်း အင်အား ၁၀၀ ဝန်းကျင်ဖြင့် အလစ်အငိုက် ဝင်ရောက်စီးနင်းခဲ့ရာ ကျည်အနည်း ငယ်နှင့် စစ်အသုံးအဆောင် ပစ္စည်းတချို့ သိမ်းဆည်းခံခဲ့ရကြောင်း၊ ပြည်သူ့ ကာကွယ်ရေး ရဲဘော်များမှာမူ ဘေးမသီရန်မခ ပြန်လည်ပစ်ခတ် ဆုတ်ခွာနိုင် ခ့ကြောင်း သိရှိရသည်။

ယင်းနောက် ဇန်နဝါရီလ ၅ ရက်နေ့မှ ဇန်နဝါရီလ ၈ ရက်နေ့ စစ်တပ်နှင့် စစ်တပ် လက်အောက်ခံ SNA တပ်များက ဆက်တိုက်စစ်ကြောင်းထိုးခဲ့သဖြင့် ခန္တီးခရိုင် တပ်ရင်း (၁) ဟုမ္မလင်း ၊ HPDF-124 ၊ မိုးကြိုး ၊ HPDF မဟာမိတ် တပ် ပေါင်းစုဖက်မှ တန်ပြန်ခုခံကာကွယ်နိုင်ခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော် တစ်ဦး မစိုးရိမ်ရ ရှပ်ထိဒဏ်ရာ ရရှိခဲ့ကြောင်း၊ စစ်တပ်နှင့် လက်အောက်ခံ SNA ဘက်မှ စစ်ကြောင်းမှူးအပါအဝင် ‌တိုက်ပွဲအတွင်း ခန့်မှန်းမျက်မြင် ၈ ဦးထက်မနည်း‌ သေဆုံးခဲ့ကြောင်း၊ အထိအခိုက် ဒဏ်ရာရများပြားပြီး ဒဏ်ရာရ သူများကို နောင်ပိုအောင်ဆေးရုံတွင် ဆေးကုသနေကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်များက ဇန်နဝါရီ ၉ ရက်နေ့တွင် နယ်မြေရှင်း လင်း ရေး လုပ်ဆောင်စဉ် စစ်အုပ်စုတပ်သား အလောင်း နှစ်လောင်း နှင့် ကျည် ၊ ကျည် ဘောက် ၊ လက်ကိုင်ဖုန်း ၊ လက်နက်ကြီးကျည် ၊ စသော စစ်အသုံး အဆောင် ပစ္စည်းများကို ရှာဖွေရှင်းလင်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- သိမ်းဆည်းရမိသည့် စစ်သားအလောင်း များနှင့်လက်နက် ခဲယမ်း အသုံး အဆောင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article