38 C
Yangon

မြိုင်နှင့် ပုလောတွင် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

Must read

မြိုင်နှင့် ပုလောတွင် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၃

မကွေတိုင်း၊ မြိုင်မြို့နယ်နှင့် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများတိုက်ခိုက်ံရပြီး ၃ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ သရက်ကန်ရွာရှိ အကြမ်းဖက်စစ်ကောင်စီ ပျူစောထီးစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ (၃)ဦးသေဆုံးခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)မှ ဗိုလ်မီးပွားက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။

ဇန်နဝါရီလ ၁ ရက် ည ၁၂ နာရီ ၅ မိနစ်ခန့်က အင်အား ၆၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသော အကြမ်း ဖက်စစ်သား၊ ပျူစောထီးများကို တာဝေးပစ် လက်လုပ်လက်နက်ကြီး အချက် ၇၀ ကျော် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများနေထိုင်ရာ နေရာအနီး ကျရောက်ပေါက်ကွဲပြီး ၃ ဦး သေဆုံးကာ ၎င်းတို့ဈေးဝယ်ထွက်သော ကားတစ်စီးကိုလည်းထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

“သူတို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်၊ လက်နက်ကြီးက ၅ လုံးလောက် ပြန်ပစ်တယ်၊ ၃ ကောင်သေတာတော့ အတွင်းသတင်းအရ အတိအကျသိရတယ်၊ ဒဏ်ရာရတာတော့ အတိအကျမသိရဘူး၊မုံရွာမြို့မှာ ကျဆုံးခဲ့တဲ့ ဗိုလ်လရောင်အတွက် လက်စားချေတဲ့အနေနဲ့ တုန့်ပြန် တိုက်ခိုက်ခဲ့တာပါ” ဟု ဗိုလ်မီးပွားက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)မှ ဦးဆောင်ကာ မြိုင်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တပ်ခွဲ ၄ ၊ Mying Warriors ၊နွေဦးညီနောင်တပ်ဖွဲ့နှင့် စင်္ကြာတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁၀၀ မမ၊ ၈၀ မမ လက်လုပ်တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်အပြီး ဇန်နဝါရီလ ၂ ရက် နံနက်အစောပိုင်း ၁ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုကျေးရွာအနီးတွင် ယမန်နေ့ ဇန်နဝါရီလ ၂ ရက် နေ့ လည် ၂ နာရီ ခန့်က အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Palaw KPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ပုလောမြို့မှ မြိတ်ဘက်သို့ သွားသော အကြမ်းဖက်စစ်ကောင်စီကား ၁၀ စီးပါယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုရှိသော်လည်း အတိအကျ အတည်ပြု နိုင်ခြင်းမရှိကြောင်း၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“အခုတော့ ခွေးတွေ မြို့ဘက်ထွက်သွားပြီ၊ မိုင်းဆွဲတိုက်ံရတဲ့နေရာမှာ နားပြီး ဒီနေ့မှ ဆက်တက်သွားတာ၊ အင်အား ၂၀၀ လောက်ပါတယ်၊ ထိခိုက်တာရော၊ သေတာ ရော ၂၀ လောက်ရှိတယ်၊ အတိအကျ အတည်မပြုနိုင်သေးတာ၊ သူတို့ဘက် လက်နက်ငယ်တွေနဲ့ ပြန်ပစ် ခတ်တာတော့ရှိတယ်”ဟု Palaw KPDF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Palaw KPDFနှင့်အရိပ်ပျောက်ကျားတွပ်ဖွဲ့မှ မိုင်း(၄)လုံးဆွဲပြီဖောက်ခွဲတိုက်ခိုက် ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

Photo- Palaw KPDF တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article