29 C
Yangon

ကျောက်ဆည်မြို့ပေါ်တွင် စစ်တပ်သတင်းပေး လူဆိုး ကျော်မြင့် ပစ်ခတ်ခံရပြီး သေဆုံး၊ ကျောက် တံခါးတွင် ပျူစောထီး မင်းအောင် အသတ်ခံရမှု လာစစ်သည့် စစ်ကြောင်း မိုင်းဆွဲခံရပြီး ၃ ဦး ဒဏ်ရာရ

Must read

ကျောက်ဆည်မြို့ပေါ်တွင် စစ်တပ်သတင်းပေး လူဆိုး ကျော်မြင့် ပစ်ခတ်ခံရပြီး သေဆုံး၊ ကျောက် တံခါးတွင် ပျူစောထီး မင်းအောင် အသတ်ခံရမှု လာစစ်သည့် စစ်ကြောင်း မိုင်းဆွဲခံရပြီး ၃ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၇

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ပေါ်တွင် စစ်တပ်အားကိုးဖြင့် လုယက်နေသော သတင်းပေး ကျော်မြင့် ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သိန်းငှက်ဖြူ ပြောက်ကျား တပ်ဖွဲ့မှ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၇ ရက် နံနက် ၈ နာရီခန့်က ၎င်း၏ နေအိမ်အတွင်းသို့ ဝင်ရောက်ပြီး မြို့ပြပြောက် ကျား ရဲဘော်များက ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ် သတင်းပေးကျော်မြင့်သည် စစ်တပ် အားကိုးဖြင့် ကျောက် ဆည်မြို့ပေါ်တွင် ခိုးဆိုးလု ယက် နေသူတစ်ဦးဖြစ်ပြီး စစ်တပ်ကို သတင်းပေးလုပ် နေသူ တစ်ဦးဖြစ် ကြောင်း သိန်းငှက်ဖြူပြောက် ကျားတပ်ဖွဲ့က ပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၇ ရက်နေ့၊ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်း (အောင်မြင်)မြို့တွင် ပျူစောထီးခေါင်းဆောင် မင်းအောင်ကို ကျောက်တံခါး မြို့နယ် ပကဖ၊ ဗိုလ်ကျောက်ခဲ မြို့ပြပျောက်ကြားအဖွဲ့က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း ဗိုလ်ကျောက်ခဲအဖွဲ့က ပြောသည်။

ပျူစောထီး ခေါင်းဆောင် မင်းအောင်၏ အလောင်းကို လာရောက်စစ်ဆေးသည့် တောကျွဲ အင်း နယ်‌မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကို ဗိုလ်‌ကျောက်ခဲမြို့ပြပျောက်ကြားအဖွဲ့က ထပ်မံ၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်ရန်နိုင်မှာ လက်တစ်ဖက်ပြတ်ကျဒဏ်ရာ(စိုးရိမ်ရ)၊ ရဲတပ်သားနေဇော်မှာ ဦးခေါင်းထိမှန်ဒဏ်ရာ (စိုးရိမ်ရ) နှင့် ရဲတပ်သားမောင်မြင့်မှာ လက်ချောင်းများပြတ်တောက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

စိုးရိမ်ဒဏ်ရာရရှိခဲ့သော ဒုရဲအုပ်ရန်နိုင်နှင့် ရဲတပ်သားနေဇော်တို့ကို အတွင်းလူနာအဖြစ် ဆေးကုသ မှုခံ ယူလျက်ရှိပြီး ရဲတပ်သားမောင်မြင့်မှာလည်း ဆေးကုသမှုခံယူလျက်ရှိသည်ဟု ဗိုလ်ကျောက်ခဲ အဖွဲ့က ပြောသည်။

ဓာတ်ပုံ- ကျောက်ဆည်မြို့ပေါ်တွင် စစ်တပ်သတင်းပေး လူဆိုး ကျော်မြင့် ပစ်ခတ်ခံရပြီး သေဆုံးနေ စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article