37 C
Yangon

မူးယစ်ရာဇာ ထွန်းမင်းလတ်ထံမှ မင်းအောင်လှိုင်ရဲ့ မိသားစု၏ ပိုင်ဆိုင်မှုတွေ ထိုင်းရဲက သိမ်းဆည်းရမိ၊ သား အောင်ပြည့်စုံက ဘန်ကောက်မှာ ထိုင်းဘတ် ၃၃ သန်းတန် ကွန်တိုတိုက်ခန်း ဝယ်ထားပြီး သမီး ခင်သီရိသက်မွန်က ထိုင်းဘဏ် အကောင့် တွေ ဖွင့်ထား

Must read

မူးယစ်ရာဇာ ထွန်းမင်းလတ်ထံမှ မင်းအောင်လှိုင်ရဲ့ မိသားစု၏ ပိုင်ဆိုင်မှုတွေ ထိုင်းရဲက သိမ်းဆည်းရမိ၊ သား အောင်ပြည့်စုံက ဘန်ကောက်မှာ ထိုင်းဘတ် ၃၃ သန်းတန် ကွန်တိုတိုက်ခန်း ဝယ်ထားပြီး သမီး ခင်သီရိသက်မွန်က ထိုင်းဘဏ် အကောင့် တွေ ဖွင့်ထား

ရန်ကုန်၊ ဇန်နဝါရီ ၁၁

မြန်မာခရိုနီ စစ်လက်နက်ပွဲစား ထွန်းမင်းလတ်နဲ့ သူ့ရဲ့ကွန်ရက်ကို မူးယစ် ဆေး ဝါး ရောင်းဝယ်ဖြန့်ချိမှုနဲ့ စီးနင်းဖမ်းဆီးရာမှာ စစ်ခေါင်းဆောင် မင်းအောင် လှိုင် ရဲ့ သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်တဲ့ တန်ဖိုးကြီးကွန်ဒိုခန်း တစ်ခန်း ရဲ့ ပိုင်ဆိုင် မှုအထောက်အထားနဲ့ သမီးဖြစ်သူ ခင်သီရိသက်မွန်ရဲ့ ဘဏ်စာအုပ် တွေ ကို ထိုင်းရဲတွေက တွေ့ရှိခဲ့တယ်လို့ Justice for Myanmar က သတင်း ထုတ်ပြန် ပါတယ်။

မင်းအောင်လှိုင်ရဲ့ သားနဲ့သမီးတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထွန်းမင်းလတ်ကို ဖမ်း ဆီး တဲ့ အချိန်မှာ ထွန်းမင်းလတ်ရဲ့ လက်မှာရှိနေတာကို လက်ပူး လက်ကြပ် ဖမ်းမိ တာ ဖြစ်ပါတယ်။

လက်ဝယ်တွေ့ရှိတဲ့ ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပေမယ့် ပိုင်ဆိုင်မှုတွေကိုတော့ ဖမ်းဆည်းသိမ်းယူထားခြင်းမရှိသေးကြောင်း၊ ထွန်းမင်းလတ်ကိုစွဲဆိုထားတဲ့ ရာဇ ဝတ် မှုတွေနဲ့ မင်းအောင်လှိုင်ရဲ့ သားသမီးတွေကြား ဆက်နွယ်နေတဲ့ သက်သေအထောက်အထားတွေ ရှိနေပေမယ့် ထိုင်းရဲတွေအနေနဲ့ မင်းအောင် လှိုင်ရဲ့ သားသမီးတွေကို စုံစမ်းစစ်ဆေးမှုတွေ တိုးချဲ့လုပ်ဆောင်ထားခြင်း မရှိသေးကြောင်း Justice For Myanmar က သတင်းထုတ်ပြန်ပါတယ်။

မင်းအောင်လှိုင်ရဲ့ သားသမီးတွေနဲ့ ထွန်းမင်းလတ်တို့အကြား ငွေကြေးဆက်နွှယ် မှုတွေကို Justice For Myanmar က သိမ်းဆည်းရမိတဲ့ စာရင်းမှတ်တမ်း တွေ က နေ ရှာဖွေဆန်းစစ် ဖော်ထုတ်ခဲ့တာပါ။

ထွန်းမင်းလတ်ကို စက်တင်ဘာ ၁၇ ရက်နေ့က ဘန်ကောက်မြို့အရုဏ်တက်ချိန် စီးနင်းမှုမှာ ဖမ်းဆီးလိုက်တာဖြစ်ပြီး၊ သူ့ကို အမြင့်ဆုံး ပြစ်ဒဏ် ၁၅ နှစ်ကနေ သေဒဏ် အထိ အပြစ်ပေးနိုင်တဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့က စွဲချက်တင် ထားပါတယ်။

ထွန်းမင်းလတ်ကို ဖမ်းဆီးပြီးနောက်မှာ ထိုင်းရဲတပ်ဖွဲ့က အိမ်ခြံမြေ၊ ငွေသား၊ ကားတွေ၊ တန်ဖိုးကြီးနာရီတွေနဲ့ နာမည်ကြီးတံဆိပ်လက်ကိုင်အိတ် တွေအပါ အဝင် အမေရိကန်ဒေါ်လာ သန်း ၅၀ လောက်တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဘန်ကောက်မှာ အောင်ပြည့်စုံက Belle Grand Rama 9 ကွန်ဒိုအခန်း ဝယ်ထား

=======================================

ထွန်းမင်းလတ်ရဲ့ လက်ဝယ် လက်ပူးလက်ကြပ် သိမ်းဆည်းရမိတဲ့ ပိုင်ဆိုင်မှုတွေ မှာ ဘန်ကောက်မြို့ Belle Grand Rama 9 ကွန်ဒိုရှိ အောင်ပြည်စုံပိုင်ဆိုင်တဲ့ အိပ်ခန်း လေးခန်းပါ ဇိမ်ခံကွန်ဒိုအခန်းအတွက် ပိုင်ဆိုင်မှု စာရွက်စာတမ်းလည်း ပါတာကို သိမ်း ဆည်းမှတ်တမ်းတွေအရ သိရပါတယ်။

အဲဒီ ကွန်ဒိုအခန်းကို ၂၀၁၇ ခုနှစ်ကဝယ်ယူခဲ့တာဖြစ်ပြီး၊ အဲဒီအချိန်ဟာ အောင် ပြည်စုံ ရဲ့ဖခင်မင်းအောင်လှိုင်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တဲ့ ရာဇဝတ် မှုတွေ ကျူးလွန်နေတဲ့ချိန်ဖြစ်ပါတယ်။ အဲဒီ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန် ထားတဲ့ရာဇတ်ကောင်ကို အခုအချိန်အထိ အပြစ်ပေး အရေးယူနိုင် တာ မရှိသေးပါဘူး။

ပုံစံတူ အိပ်ခန်းလေးခန်းပါ ကွန်ဒိုခန်းတွေရဲ့ တန်ဖိုးကို လက်ရှိကာလ ပေါက် စျေး ဘတ် ၃၃ သန်းဝန်းကျင်နဲ့ ကြော်ငြာထားပြီး၊ အဲ့ဒီတန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၁ သန်းနီးပါး ဖြစ်ပါတယ်။ Belle Grand Rama 9 ကွန်ဒိုဟာ ထွန်း မင်း လတ်ကို ဖမ်းဆီးရမိခဲ့တဲ့ ကွန်ဒိုမီနီယံဖြစ်ပြီး အဲဒီကွန်ဒိုမှာ ထွန်းမင်း လတ် က သူ့ရဲ့နာမည်နဲ့ရော ဇနီးဖြစ်တဲ့ ဝင်းမင်းစိုး နာမည်နဲ့ တွဲလျက်ပါ အခန်း ၃ ခန်း ကို ပိုင်ဆိုင်ထားပါတယ်။

မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်က ထိုင်းဘဏ်စာအုပ်တွေ ဖွင့် ထား

=======================================

ထိုင်းရဲတပ်ဖွဲ့က မင်းအောင်လှိုင်ရဲ့ သမီးခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ Siam Commercial Bank ငွေစုစာအုပ်နှစ်အုပ်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

အဲဒီ ဘဏ်အကောင့်တွေဟာ တန်ဖိုးကြီးဘန်ကောက်ကွန်ဒိုမီနီယံနဲ့ ရုံးခန်း အဆောက်အအုံတစ်ခုဖြစ်တဲ့ Q House Lumphini မှာရှိတဲ့ ဘဏ်ခွဲမှာ ဖွင့် ထားတာ ဖြစ်ပါတယ်။ ထိုင်းအာဏာပိုင်တွေအနေနဲ့ ဘဏ်အကောင့်ကို သိမ်း ဆည်းခဲ့ခြင်းမရှိကြောင်း Justice For Myanmar ကဆိုပါတယ်။

အဲ့ဒီဘဏ်အကောင့် ဆက်လက်အသုံးပြုနိုင်ခြင်း ရှိ မရှိကို အတည်မပြုနိုင်သေး ဘူးလို့ ဆက်လက်ပြောဆိုပါတယ်။

ထွန်းမင်းလတ်ဟာ အရင်က ခင်သီရိသက်မွန်နဲ့ အစုရှယ်ယာကုမ္ပဏီတစ်ခုရှိ ခဲ့ပြီး၊ ဒီအကြောင်းကို Justice For Myanmar ကထုတ်ဖော်ခဲ့ပါတယ်။

မင်းအောင်လှိုင်ရဲ့ သားနဲ့ သမီးတို့ကို သူတို့ရဲ့ ဖခင်နဲ့ အလားတူ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားကြောင်း၊ ထွက်ပေါ်လာတဲ့ အထောက်အထားတွေဟာ လက်ရှိ ထွန်းမင်းလတ်အပေါ် ရာဇ၀တ်ကြောင်း အရ စွဲဆိုထားတဲ့ကိစ္စနဲ့ မင်းအောင်လှိုင်ရဲ့မိသားစုအကြား ဆက်နွှယ်နေတာ တွေအတွက် အရေးပါပြီး၊ သိမ်းဆည်းရမိတဲ့ပိုင်ဆိုင်မှုတွေအတွက် ငွေတွေ ဘယ်က ရလဲဆိုတာအပေါ် မေးခွန်းထုတ်စရာဖြစ်ကြောင်း JFM က ဆိုပါတယ်။

ဒီဖြစ်စဉ်ကိုကြည့်ရင် မြန်မာစစ်တပ်က အကြီးတန်းမိသားစုဝင်တွေဟာ ထိုင်း ဘဏ် တွေကို အသုံးပြုခွင့်ရနေတာ ဖော်ပြနေပြီး အကျယ်ချဲ့ ဆိုရရင် တနည်း အားဖြင့် ထိုင်းနိုင်ငံဟာ မြန်မာ စစ်တပ်ရဲ့ အမြစ်တွယ်နေတဲ့အကျင့် ပျက်ခြ စားမှုတွေ ကရတဲ့ တရားမဝင် အမြတ်ငွေတွေ မြန်မာစစ်တပ်က အကြီး တန်း မိသားစုဝင်တွေ သိုဝှက်ထားဖို့နေရာတစ်ခုအဖြစ် ရှိနေတဲ့အချက်ဟာ ထင်ရှား ပေါ် လွင်တဲ့ အထောက်အထားဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုကို နိုင်ငံတကာဘဏ္ဍာရေးစနစ်ကိုသုံးပြီး ကန့်သတ်ဖို့ကြိုးပမ်းတဲ့ ဒဏ် ခတ် ပိတ်ဆို့တာတွေ နဲ့ အခြားသောအရေးယူမှုတွေ ရှိနေတဲ့ကြားက ခုလို လုပ်ကိုင်ခွင့်ရနေကြတာ ဖြစ်ကြောင်း၊ မင်းအောင်လှိုင် မိသားစုက ထိုင်းနိုင်ငံကို သူတို့ မတရားခိုးယူထားတဲ့ ဓနဥစ္စာတွေ ဖွက်ထားဖို့ လုံခြုံစိတ်ချရတဲ့ နေရာ တစ်ခု အဖြစ် ရှုမြင်လုပ်ကိုင်နေတာဟာ အံ့ဩစရာမဟုတ်ကြောင်း၊ မင်းအောင် လှိုင် ဟာ ၂၀၁၄ ခုနှစ်မှာ ထိုင်းစစ်တပ်က အာဏာသိမ်းပြီး ဝန်ကြီးချုပ် နေရာ ယူ ထားတဲ့ ပရာယွတ်ချန်အိုချာနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိကြောင်း JFM က သတင်းထုတ်ပြန်ပါတယ်။

မြန်မာစစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်းမှာ ပရာယွတ်နဲ့ မင်းအောင် လှိုင်တို့ဟာ ကန့်လန့်ကာနောက်ကွယ်လမ်းကြောင်းတွေ ကနေ ထိတွေ့ဆက်ဆံနေကြခဲ့ပြီး၊ မြန်မာနိုင်ငံဆိုင်ရာထိုင်းအထူးသံတမန် က မြန်မာ နိုင်ငံအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကန့်ကွက်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ သဘာဝဓာတ်ငွေ့တင်သွင်းမှု က တဆင့် စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို ငွေကြေးထောက်ပံ့နေပါတယ်။

ထိုင်းအာဏာပိုင်တွေအနေနဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး၊ အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်တို့ဟာ ထိုင်းဥပဒေကို ချိုးဖောက်ထားကြောင်း စွဲဆိုထားတဲ့ ထွန်းမင်း လတ်ရဲ့ ရာဇဝတ်မှုလုပ်ရပ်တွေကနေ အကျိုးအမြတ်ရရှိခဲ့ခြင်း ရှိ မရှိတို့ကို စုံစမ်းစစ်ဆေးဖို့၊ စစ်အုပ်စုအဖွဲ့ဝင်တွေ၊ သူတို့ရဲ့ မိသားစုတွေနဲ့ အားပေးပံ့ပိုးနေကြတဲ့ ထောက်တိုင်တွေက ထိုင်းဘဏ်တွေကို အသုံးပြုနေ တာနဲ့ ထိုင်းနိုင်ငံမှာ ပိုင်ဆိုင်မှုတွေ ဝယ်ယူတာကို ပိတ်ပင်တားဆီးဖို့ Justice For Myanmar က တောင်းဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ မဟာမိတ်နိုင်ငံတွေအနေနဲ့လည်း မြန်မာစစ်ရာဇဝတ်ကောင်တွေရဲ့ ခိုးရာပါပစ္စည်းတွေကို အရေးယူခံရခြင်းလွတ်ကင်းစွာနဲ့ သိုဝှက်သိမ်းဆည်းတဲ့ နေရာမဖြစ်အောင် လုပ်ဖို့ ထိုင်းနိုင်ငံကို ဖိအားပေးဖို့လည်း လိုအပ်ကြောင်း၊

ထိုင်းဘဏ်တွေအနေနဲ့ အောင်ပြည်စုံနဲ့ ခင်သီရိသက်မွန်တို့ အပါအဝင် အခြား အချုပ်အခြာပိုင်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့အရေးယူထားတဲ့ လူပုဂ္ဂိုလ်တွေ ဖွင့်လှစ်ကိုင်ဆောင်ထားတဲ့ ဘဏ်စာရင်းတွေ ပိတ်သိမ်းဖို့ Justice For Myanmar က ထပ်မံ တိုက်တွန်းတောင်းဆိုပါတယ်။

Siam Commercial Bank ကို ခင်သီရိသက်မွန်နဲ့ စစ်အုပ်စုမိသားစုတွေကို ဘဏ်ဝန်ဆောင်မှုတွေ ပေးဆောင်နေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး Justice For Myanmar ရဲ့ မေးမြန်းတာတွေကို ပြန်လည်ဖြေကြားတာ မရှိဘူးလို့ သိရပါတယ်။

အစိုးရတွေအနေနဲ့ စစ်အုပ်စုရဲ့ ငွေကြေးအရင်းမြစ်တွေကို ဖြတ်တောက်ဖို့ နဲ့ စစ်အုပ်စုရဲ့ ငွေကြေးထောက်တိုင်တွေကို အရေးတကြီး ဒဏ်ခတ်ပိတ်ဆို့ အရေးယူရမှာဖြစ်ပါတယ်။ ဒါ့အပြင် စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့မိသားစုဝင်တွေ အတွက် တရားမဝင်စစ်အာဏာသိမ်းမှုကနေ အကျိုးအမြတ်ထုတ်ဖို့ နဲ့ မြန်မာ ပြည် သူတွေဆီက ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ခိုးယူခွင့်ရနေတဲ့ အခွင့် အရေး တွေကို ပိတ်ပင်တားမြစ်ဖို့အတွက်လည်း လုပ်ဆောင်ရမှာဖြစ်တယ်လို့ JFM ကဆိုပါတယ်။

ဒီနေ့အထိတော့ ထွန်းမင်းလတ်ရဲ့ စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ Star Sapphire Group of Companies ကို ယူကေနိုင်ငံတစ်နိုင်ငံတည်းကသာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားကြောင်း၊ အမေရိကန်၊အီးယူ၊ကနေဒါနဲ့ သြစတြေးလျတို့အနေနဲ့လည်း Star Sapphire Group ကို ဒဏ်ခတ် အရေးယူရာမှာ ယူကေနိုင်ငံနဲ့အတူ လိုက်ပါလုပ်ဆောင်ဖို့ လိုအပ်ပြီး၊ တချိန်တည်းမှာ မဟာမိတ်ငါးနိုင်ငံအနေနဲ့ ထွန်းမင်းလတ်နဲ့ သူ့ရဲ့ ကွန်ယက် ထဲက လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းအားလုံးကို ဒဏ်ခတ်ပိတ်ဆို့ အရေး ယူနိုင် ဖို့ ကနေဒါနဲ့ သြစတြေးလျအပါအဝင် စိတ်တူကိုယ်တူ မိတ်ဖက် နိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း JFM က တိုက်တွန်းပါတယ်။

မင်းအောင်လှိုင် စီးပွားရေး မိတ်ဖက် မူးယစ်ရာဇာ ထွန်းမင်းလတ်

===================================

အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ ထွန်းမင်းလတ်ဟာ မြန်မာစစ်တပ်အတွက် စစ် လက် နက် တွေကို တရုတ်နဲ့ အစ္စရေးနိုင်ငံ တွေဆီကနေ ဝယ်ပေးတာအပါအဝင် မြန်မာစစ်တပ်ကို တလျောက်လုံး ထောက်ပံ့ကူညီနေတဲ့အကြောင်း မှတ်တမ်း ပေါင်း များစွာရှိတဲ့ ခရိုနီတစ်ဦးဖြစ်ကြောင်း JFM သတင်းထုတ်ပြန်ချက်က ဖော်ပြပါတယ်။

သူဟာ အရင် သန်းရွှေ အစိုးရလက်ထက် ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီး ဌာနအရာရှိဟောင်း အငြိမ်းစား ဒုဗိုလ်မှူးကြီးတစ်ဦးရဲ့ သားဖြစ်ပါတယ်။ ထွန်း မင်း လတ်ဟာ မြန်မာစစ်တပ်ရဲ့ စစ်ထောက်ချုပ်ရုံး၊ စစ်တပ်စီး ပွားရေးလုပ်ငန်း စုကြီး မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(MEHL)တို့နဲ့ စီးပွားရေးမိတ်ဖက် အဖြစ် လုပ်ငန်းတွေ လုပ်ကိုင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ထောက်ချုပ်ရုံးကို အမေရိကန်၊ ယူကေနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ် ပိတ်ဆို့ အရေးယူထားပြီး မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် (MEHL) ကိုတော့ အမေရိကန်၊ ယူကေ၊ ကနေဒါနဲ့ အီးယူ တို့က ပိတ်ဆို့အရေးယူထားကြောင်း၊ ထွန်းမင်းလတ်ဟာ ဇနီးဖြစ်တဲ့ ဒေါက်တာဝင်းမင်းစိုး၊ လုပ်ဖော်ကိုင်ဖက် ဒေါက် တာထက်အောင်၊ စည်သူမောင်၊ ခိုင်ဝင့်မွန်တို့နဲ့ အတူတူ ဦးဆောင်လုပ် ကိုင်တဲ့ Star Sapphire Group of Companies ကနေတစ်ဆင့် သူ့ရဲ့လုပ်ငန်း တွေကို ဆောင်ရွက်တာ ဖြစ်ကြောင်း သိရှိရပါတယ်

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက စပြီး ရွှေတြိဂံဒေသ၊ မြန်မာနိုင်ငံဘက်ခြမ်း၊ တာချီ လိတ်မြို့မှာ သူနဲ့ ပတ်သက်ဆက်နွှယ်တဲ့ Allure Group ဟာ သူ့ရဲ့မြန်မာ လုပ် ငန်း ခွဲဖြစ်တဲ့ Myanmar Allure Group ကတဆင့် ကာစီနိုလောင်း ကစား ရုံ လုပ်ငန်းကို စစ်ထောက်ချုပ်ရုံးနဲ့ မိတ်ဖက် လုပ်ကိုင်နေတယ်လို့ သိရှိရ ပါတယ်။

Allure ကာစီနိုလုပ်ငန်းဟာ ထွန်းမင်းလတ် ဒါရိုက်တာအဖြစ် တာဝန်ယူထားတဲ့ ထိုင်းကုမ္ပဏီ Allure Group (P&E) ပါတဲ့ နယ်စပ်ဖြတ်ကျော် လျှပ်စစ် ဓါတ် အား ဝယ်ယူတာကတဆင့် ထိုင်းနိုင်ငံ ငွေကြေးစနစ်ထဲကို တရားမဝင်ငွေ ကြေးတွေ ထည့်နေတဲ့ ငွေကြေးခဝါချမှုနှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှု ကွန်ယက် တစ်ခုရဲ့ အစိတ်အပိုင်းပဲ ဖြစ်တယ်လို့ သိရပါတယ်။

ထွန်းမင်းလတ်နဲ့ အတူ Allure Group (P&E) ကို ထိုင်းအာဏာပိုင်တွေက စွဲချက်တင်ထားပြီး Allure ကာစီနိုလုပ်ငန်းကို Upakit Pachariyangkun က တည်ထောင်ခဲ့တာဖြစ်ပြီး၊ ဒီလုပ်ငန်းကို ထွန်းမင်းလတ်နဲ့ အတူ ချုပ်ကိုင်ထားသူ ဖြစ်ကြောင်း၊ Pachariyangkun ဟာ လက်ရှိမှာ ထိုင်းစစ်တပ်က ခန့်အပ် ထား တဲ့ အထက်လွှတ်တော်အမတ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင် နေကြောင်း သိရှိရပါတယ်။

အရင်နှစ် အောက်တိုဘာလက မူးယစ်ဆေးဝါးနဲ့ ငွေကြေးခဝါချမှု စွဲချက်နဲ့ Pachariyangkun ကို ဖမ်းဆီးဖို့ ဝရမ်းထုတ်ခဲ့ပြီး နာရီပိုင်းအတွင်း ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်မှာ Pachariyangkun ဟာ Allure မှာပါထား တဲ့ သူ့ရဲ့ ရှယ်ယာတွေကို ထွန်းမင်းလတ်နဲ့ အတူ စွဲချက်တင်ခံထားရတဲ့ သူ့ရဲ့ သားမက်ဖြစ်သူ Dean Gultula ဆီကို လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရပါတယ်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ခေါင်းဆောင်း မင်းအောင်လှိုင်သား၊ သမီး၊ မိသားစု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article