28 C
Yangon

ပျူစောထီးအဖွဲ့ ဖွဲ့ရန် ငြင်းဆန်သော အရာတော်မြို့နယ် ကြံ့ဖွတ်ဥက္ကဋ္ဌ၊ လွှတ်တော်အမတ်ဟောင်း ကျော်မြင့်နှင့် သားတို့ကို ပျူစောထီး အဖွဲ့က သတ် ဖြတ်၊ သားဖြစ်သူက PDF ထောက်ပို့ လုပ်သည်ဟု ပေါ်ပေါက်ပြီးနောက် ၂ ဦး စလုံး အသတ်ခံရ

Must read

ပျူစောထီးအဖွဲ့ ဖွဲ့ရန် ငြင်းဆန်သော အရာတော်မြို့နယ် ကြံ့ဖွတ်ဥက္ကဋ္ဌ၊ လွှတ်တော်အမတ်ဟောင်း ကျော်မြင့်နှင့် သားတို့ကို ပျူစောထီး အဖွဲ့က သတ် ဖြတ်၊ သားဖြစ်သူက PDF ထောက်ပို့ လုပ်သည်ဟု ပေါ်ပေါက်ပြီးနောက် ၂ ဦး စလုံး အသတ်ခံရ

ရန်ကုန်၊ ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကျောက်ပြောက်ရွာတွင် နေထိုင်သည့် ကြံ့ဖွတ်ပါတီမြို့နယ်ဥက္ကဋ္ဌ၊ ၂၀၁၀ ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကျော်မြင့်နှင့် သားဖြစ်သူတို့ကို ပျူစောထီးအဖွဲ့က သတ်ဖြတ်သွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့တွင် အရာတော်မြို့နယ်၊ ကျောက်ပြောက်ကျေးရွာ၌ နေထိုင်သည့် ကြံ့ဖွတ်ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကျော်မြင့်နှင့် သားဖြစ်သူ သီဟတို့ကို ပျူစောထီးအဖွဲ့ဝင်များက နေအိမ် အတွင်း ဝင်ရောက်ကာ သတ်ဖြတ်သွားပြီး အရာတော်-မြင်းမူ လမ်းပိုင်း ကျောက်ပြောက်ရွာထိပ်ရှိ ကျော်မြင့် ပိုင်ဆိုင်သည့် ဆီဆိုင်ကိုလည်း ပျူစောထီး အဖွဲ့ဝင်များက မီးရှို့ ဖျက်ဆီးသွားကြောင်း သိရသည်။

ကြံ့ဖွတ်ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကျော်မြင့်ကို အရာတော်မြို့နယ်ရှိ ငွေတွင်းရွာနှင့် သလဲဘာရွာမှ ပျူစောထီးများက ကျောက်ပြောက်ရွာကို ပျူစောထီးရွာအဖြစ် ဖွဲ့စည်းရန် ဖိအားပေး လုပ်ဆောင် ခိုင်းခြင်းအပေါ် လိုက်နာခြင်း မရှိသော​ကြောင့် ကျော်မြင့်ကို ဝင်ရောက်သတ်ဖြတ်သွားခြင်း ဖြစ်ကြောင်း ဒေသခံ ပြည်သူများကပြောဆိုသည်။

” အရာတော်မြို့နယ် ကျောက်ပြောက် ရွာသား သိန်းစိန် လက်ထက်က အမတ်ဟောင်း ကျော်မြင့် နဲ့ သူ့သား သီဟတို့ ဇန်နဝါရီ ၈ ရက် ညနေပိုင်းက သတ်ဖြတ်ခံရပြီး အရာတော်-မြင်းမူ ကားလမ်းပိုင်း ကျောက်ပျောက် ရွာ ထိပ် က ဆီဆိုင် ကို မီးရှို့ဖျက်ဆီးသွားတယ်။ သတ်တဲ့အဖွဲ့က အရာတော်နယ်ထဲက ပျူစောထီးရွာတွေဖြစ်တဲ့ ငွေတွင်းရွာနဲ့ သလဲဘာရွာက ပျူစောထီးအဖွဲ့တွေ။ ကျော်မြင့်က ၂၀၁၅ ကတည်းက အမတ်ပြုတ်ပြီးတော့ နိုင်ငံရေး မလုပ်တော့ဘူး။ ကျောင်းဆရာ ဟောင်းဖွတ်အမတ်ပြုတ် အရာတော်-မြင်းမူ ကားလမ်းဘေး စက်သုံးဆီဆိုင် ဖွင့်ထားတာ ကျော်မြင့်ရဲ့ သားဖြစ်တဲ့ သီဟ PDF ထောက်ပို့လုပ်တယ်လို့တော့ သိထားရတယ်။ သူ့အဖေကို လာသတ်တော့ သီဟက PDF တွေထင်ပြီး ကျွန်တော်လည်း PDF ထောက်ပို့ ၁ ဦးပါလို့ ပြောပြီး မသတ်ဖို့တားရာကနေ သီဟကိုပါ သတ်သွားတာလို့ သိရတယ်။ ပျူစောထီးတွေက PDF ဟန်ဆောင်ပြီး သတ်သွားတာ” ဟု ဒေသခံ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- အရာတော်မြို့နယ်မှ ကြံ့ဖွတ်ဥက္ကဋ္ဌ ဦးကျော်မြင့်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article