33 C
Yangon

ကရင်ပြည်နယ်တွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အသက် ၂ နှစ် ကလေးနှင့်မိခင်၊ ခရစ်ယန်ဘာသာရေးဆရာ အပါအဝင် စုစုပေါင်း ပြည်သူ ၅ ဦးသေဆုံး၊ စာသင်ကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် နေအိမ်များ ပျက်စီး

Must read

ကရင်ပြည်နယ်တွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အသက် ၂ နှစ် ကလေးနှင့်မိခင်၊ ခရစ်ယန်ဘာသာရေးဆရာ အပါအဝင် စုစုပေါင်း ပြည်သူ ၅ ဦးသေဆုံး၊ စာသင်ကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ စာသင်ကျောင်း အပါအဝင် ကျေးရွာများကို စစ်ကောင်စီက တိုက် လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ရာ အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့်မိခင် ၁ ဦး၊ ခရစ်ယန် ဘာသာရေးဆရာ ၁ ဦး အပါအဝင် စုစုပေါင်း ၅ ဦး သေဆုံးကြောင်း ကရင်အမျိုးသမီးအဖွဲ့နှင့် ကရင် လူ့အခွင့်အရေးအဖွဲ့တို့က အရေးပေါ် သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၂ ရက်နေ့တွင် မွန်းလွဲ ၂ နာရီ ၁၃ မိနစ်အချိန် လေးဝါကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့်မိခင်၊ ခရစ်ယာန်ဘာသာရေး နှစ်ခြင်း သင်းအုပ်ဆရာ ၁ ဦး၊ ဘုရားကျောင်းအုပ်ချုပ်ရေး အဖွဲ့ဝင် ၁ ဦး ၊ ခရစ်ယန်ဘာသာဝင်တစ်ဦး စုစုပေါင်း ပြည်သူ ၅ ဦးသေဆုံးကြောင်း သိရှိရသည်။

စစ်တပ်က လေယာဉ်ဖြင့် ကျဲချလိုက်သော ဗုံးသည် နေအိမ် ၃၁ လုံး၊ ဘုရားရှိခိုးကျောင်း ၁ ခု၊ စာသင်ကျောင်း ၂ ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှစတင်ပြီး စစ်တပ်က တိုင်းရင်းသား ဒေသများနှင့် စစ်တပ် ဆန့်ကျင်နေသော တိုင်းဒေသကြီးများကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲ မှုများကို ဆက်တိုက်ဆောင်ရွက်နေသဖြင့် ပြည်သူများ ထိခိုက်သေဆုံးမှုများမှာလည်း မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပျက်စီးနေသော အပျက်အစီးများ။

Photo- KHRG

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article