ပုလဲရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က တစ်ရက်အတွင်း မီးရှို့ဖျက်ဆီး
ရန်ကုန်၊ ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က တစ်ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ပုလဲမြို့နယ် အတွင်းရှိ တောင်ရွာသစ်ကျေးရွာနှင့် သရက်လှကျေးရွာတို့ကို အကြမ်းဖက် စစ်တပ် စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့ စစ်ခွေးတွေက ပုလဲမြို့နယ် တောင်ရွာသစ်ကျေးရွာနဲ့ သရက်လှကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်။ အိမ်ခြေဘယ်လောက် မီးထဲ ပါသွားတယ်ဆိုတာ မသိရသေးဘူး။ ပြည်သူတွေကတော့ လက်ရှိချိန်ထိ ပြေးနေရတုန်းပဲ ရွာထဲကို ပြန်မဝင်နိုင်သေးဘူး” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။