28 C
Yangon

NUG ၊ CRPH ၊ PDF နှင့် စစ်တပ်ဆန့်ကျင်သော Website ၊ လူမှုကွန်ရက်အကောင့်များ ပိတ်သိမ်းပေးရေး စစ်ကောင်စီက Google နှင့် Facebook ထံသို့ ကန့်ကွက်စာ ရေးသား ပေးပို့နေသော်လည်း အကြောင်းမထူး၊ စစ်တပ်ပိုင်မီဒီယာများ လူမကြည့်၍ မီဒီယာ နှင့် လူမှုကွန်ရက်တွင် ရှုံးနိမ့်နေမှု ကုစားရန် နည်းလမ်းရှာနေရ

Must read

NUG ၊ CRPH ၊ PDF နှင့် စစ်တပ်ဆန့်ကျင်သော Website ၊ လူမှုကွန်ရက်အကောင့်များ ပိတ်သိမ်းပေးရေး စစ်ကောင်စီက Google နှင့် Facebook ထံသို့ ကန့်ကွက်စာ ရေးသား ပေးပို့နေသော်လည်း အကြောင်းမထူး၊ စစ်တပ်ပိုင်မီဒီယာများ လူမကြည့်၍ မီဒီယာ နှင့် လူမှုကွန်ရက်တွင် ရှုံးနိမ့်နေမှု ကုစားရန် နည်းလမ်းရှာနေရ

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ပြည်သူလူထု တစ်ရပ်လုံးက ထောက်ခံနေသော NUG ၊ CRPH ၊ PDF နှင့် စစ်တပ်ဆန့်ကျင်သော Website ၊ လူမှုကွန်ရက်အကောင့်များ ပိတ်သိမ်းပေးရေး စစ်ကောင်စီက Google နှင့် Facebook ထံသို့ ကန့်ကွက်စာများ ရေးသား ပေးပို့နေသော်လည်း အကြောင်းမထူးသဖြင့် နည်းလမ်းရှာနေရကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုဝန်ကြီး အောင်ကျော်ထွန်းက ပြောသည်။

စစ်ကောင်စီ၏ လျှို့ဝှက်အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း‌ ပြောဆိုခြင်းဖြစ်သည်။

“နည်းပညာကုမ္ပဏီ Google နှင့် Facebook တို့ကိုလည်း ကန့်ကွက်စာများ ထုတ် ပြန်ပေးလျက်ရှိပါကြောင်း၊ အချို့ကိစ္စများသည် ဝယ်ယူဆောင်ရွက်နေသည့် ကိစ္စများဖြစ်သည့်အတွက် အသေးစိတ်ပြောပြရန် ကန့်သတ်ချက်များရှိပါကြော်ငး၊ မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုဝန်ကြီး အောင်ကျော်ထွန် ပြောဆိုသည်။

ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က နိုင်ငံပိုင် မီဒီယာများကို လူတိုင်း မကြည့်ကြကြောင်း၊ ဖုန်းများကို လူတိုင်းကြည့်ကြကြောင်း၊ အကြမ်းဖက်မှု ပါဝင်ခြင်း၊ အားပေးခြင်းများကို ထိထိရောက်ရောက် အရေးယူမည်ဆိုသော သတင်း စကားများကို မိုဘိုင်းလ်ဖုန်း ၄၆ သန်းမှတစ်ဆင့် SMS များ ပေးပို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အချိန်သတ်မှတ်၍ SMS ကို နှစ်ကြိမ်၊ သုံးကြိမ် ပေးပို့ခြင်းဖြင့် ဆောင်ရွက်ရန်၊ PDF Game များကို နှိမ်နင်းရန် အကြံပြုသည်။

နယ်စပ်ရေးရာဒုဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးကမူ လက်ရှိတွင် လူကိုယ်တိုင် တစ်ဖက် သတင်းများ ရယူနိုင်မှု လွန်စွာ အားနည်း နေပြီး ကန့် သတ်ချက်များရှိနေကြောင်း၊ ဖုန်းနှင့် စကားပြောစက်များတို့ကို ကြားဖြတ် ဖမ်းယူ နားထောင်ခြင်း၊ လူမှုကွန်ရက်များတွင် Hacker များနှင့်ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြင့် တစ်ဖက်သတင်းများကို ပိုမိုရရှိနိုင်ကြောင်း အကြံပြုသည်။

(စစ်ကောင်စီ၏ လျှို့ဝှက် အစည်းအဝေး မှတ်တမ်းအပြည့်အစုံကို လုံခြုံရေး နံပါတ်များ၊ ကုတ်များ ဖယ်ရှားပြီး မကြာမီ ထုတ်ပြန်ပေးပါမည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article