တန့်ဆည်တွင် စစ်အာဏာရှင်၏ တရားမဝင် ရွေးကောက်ပွဲ အလိုမရှိကြောင်း ချီတက်သပိတ်မှောက်
ရန်ကုန်၊ ဇန်နဝါရီ ၁၆
တန့်ဆည်ပင်မသပိတ်စစ်ကြောင်းဦးဆောင်၍ “တရားမဝင်တဲ့ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” စာသားပါ ဘန်နာကို ကိုင်ဆောင်၍ စစ်အာဏာရှင်တို့၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြု အလိုမရှိကြောင်း ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့တွင် ချီတက်သပိတ်မှောက်ခဲ့ကြသည်။


