28 C
Yangon

ရွှေကုန်သည်များကို စစ်တပ်၊ ရဲ၊ စသုံးလုံးနှင့် စည်ပင်တို့က ပုံစံအမျိုးမျိုးဖြင့် ခြိမ်းခြောက်ငွေညှစ်နေ၊ ရွှေစျေးနှုန်း အတက်အကျ မငြိမ်သည့် ကာလများတွင် ရွှေလုပ်ငန်းရှင်များ ခေါ်ယူမေးမြန်းခံရပြီး ဘဏ်အကောင့်များ အပိတ်ခံရ

Must read

ရွှေကုန်သည်များကို စစ်တပ်၊ ရဲ၊ စသုံးလုံးနှင့် စည်ပင်တို့က ပုံစံအမျိုးမျိုးဖြင့် ခြိမ်းခြောက်ငွေညှစ်နေ၊ ရွှေစျေးနှုန်း အတက်အကျ မငြိမ်သည့် ကာလများတွင် ရွှေလုပ်ငန်းရှင်များ ခေါ်ယူမေးမြန်းခံရပြီး ဘဏ်အကောင့်များ အပိတ်ခံရ

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ပြည်တွင်းရွှေစျေးကွက်တွင် ရွှေကုန်သည်များကို စစ်တပ်၊ ရဲ၊ စသုံးလုံးနှင့် စည်ပင်တို့က ပုံစံအမျိုးမျိုးဖြင့် ခြိမ်းခြောက် ငွေညှစ်မှုများ လုပ်ဆောင်နေကြောင်း ရွှေလုပ်ငန်းရှင်တချို့ထံမှ သိရှိရသည်။ ‌ေ

မိမိတို့ အပ်နှံထားသော ငွေကြေး သိန်းရာထောင်ချီ ပမာဏကို ပုဂ္ဂလိက ဘဏ်များတွင် ပြန်ထုတ်ယူချိန်တွင် စသုံးလုံးက ခေါ်ယူ စစ်ဆေးပြီး အကျပ်ကိုင်ခြိမ်းခြောက်‌ ငွေတောင်းယူခြင်းများ ရှိနေကြောင်း သိရှိရသည်။

“ရွှေကုန်သည် တစ်ယောက်ဆိုရင် ဘဏ်ကနေ ငွေထုတ်တဲ့ကိစ္စ။ သူ့ငွေ သူထုတ်တာနော်။ အဲဒါကို ခေါ်စစ်ဆေးတာ။ လာဘ်ငွေပေးရတာ သိန်း၃၀၀ လောက်ကုန်တဲ့အပြင် ဖုန်းတွေပါသိမ်းစစ်တာ။ Recording တွေပါ အကုန်နားထောင်တာ။ စစ်ကြောရေးပုံစံလုပ်တော့ ဟိုက ပြန်ထွက်လာချိန်မှာ အလုပ်ပါလုပ်မစားချင်လောက်အောင် ဖြစ်သွားတယ်” ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ထို့ပြင် လက်ရှိတွင် ကမ္ဘာ့ရွှေစျေးတက်မှုကြောင့် မြန်မာ့ရွှေစျေးပါ လိုက်ပါမြင့်တက်ပြီး ရွှေစျေးနှုန်းသည် ၂၇ သိန်းနှင့် ၂၈ သိန်းခွဲ အကြား အတက်အကျ ဖြစ်ပေါ်နေကြောင်း၊ ယင်းအခြေအနေတွင် စစ်တပ်က ရွှေကုန်သည်များက စျေးကစားသည်ဟုဆိုကာ ခေါ်ယူ စစ်ဆေးမေးမြန်း ခြိမ်းခြောက် ငွေတောင်းယူမှုများ လုပ်ဆောင်နေကြောင်း၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင်လည်း ရွှေကုန်သည် ၄ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ညနေပိုင်းတွင်ပြန်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။

“အောင်သမာဓိရွှေဆိုင်ရယ်၊ အခြားအခေါက်ရွှေရောင်းတဲ့ ဆိုင်၂ဆိုင်ရယ်ကို စသုံးလုံးက ခေါ်စစ်တယ်။ တချို့ဆိုင်တွေကြောက်ပြီးဈေးပိတ်ကြတာမျိုးတောင်ဖြစ်သွားခဲ့တယ်။ ဇန်နဝါရီလ ၁၃ရက်နေ့ တုန်းကလည်း ရွှေကုန်သည် ၄ ယောက်ဖမ်းတယ်။ ပြီ‌ေးတာ့ ညနေပြန်လွှတ်လိုက်တယ်။ အခုက စစ်တပ်က စားနေရရင်၊ ငွေရရင် သိပ်ပြဿနာမရှာကြဘူး။ ရွှေကုန်သည်တွေကို ငွေသိုက်ကြီးလို သဘောထားနေတာ။ ခေါ်စစ်တယ် ကောင်းကောင်းဖြေ ကျွေးမွေးရင် အကုန်ပြီးတယ်” ဟု ရွှေဆိုင်ပိုင်ရှင်က ဆက်လက်ပြောဆိုသည်။

ရန်ကုန်မြို့၏ နာမည်ကြီး အကယ်ဒမီ အခေါက်ရွှေဆိုင်၏ မန်နေဂျာ မှတ်ပုံ တင် ဖြင့် ဖွင့်လှစ်ထားသော ဘဏ်စာရင်းများအားလုံးကို စသုံးလုံးဘက်က ပိတ်ပင်ပြီး အကောင့်အတွင်းမှ ငွေများကို သိမ်းဆည်းမှု ဖြစ်ပွားခဲ့ကြောင်း၊ မည်သည့် အတွက်ကြောင့် ယင်းသို့ အရေးယူခံရခြင်းဖြစ်သည်ကို မသိရှိရသေးကြောင်း ရွှေလုပ်ငန်းရှင်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

စစ်တပ်၊ ရဲနှင့် စသုံးလုံးအပြင် စည်ပင်အဖွဲ့များကလည်း ရွှေဆိုင်များကို တစ်နေ့ လျှင် ၂ ခေါက် ၊ ၃ ခေါက်ဝင်စစ်ပြီး ဂွင်ဖန် ငွေကြေး ခြိမ်း ခြောက် တောင်းယူကြသည်ဟု သိရှိရသည်။

လက်ရှိတွင် ရွှေစျေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၂၈ သိန်းဝန်းကျင်စျေးရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article